part(20)

32.4K 4K 213
                                    

မနက်နိုးတာနဲ့ သြရသည် ပိုင်ဇေ့ကို ကုတင်ပေါ်မှာပင် သွားတိုက်မျက်နှာသစ်တာကိုပြုလုပ်ပေးသည်။သြရက စေ့စပ်လှသည်။လိုအပ်သည်များကို အကုန်လုံး ယူလာပေးထားသည်။ ပိုင်ဇေသည် မွေးဖွားချိန်ကလွဲလျှင် ကျန်သည့်အချိန်တလျှောက်လုံးဆေးရုံ မတက်ဖူးပါ။ယုတ်စွ လူမှန်းသိတတ်စကတည်းက ဆေးထိုးအပ် ဆေးခန်း တို့ကို ကြောက်ခဲ့သည်။
ပိုင်ဇေ့အမေ ဆေးရုံတက်ရသည့်အခါတွင် ထိုကြောက်စိတ်က ပိုဆိုးသွားသည်။ဆေးရုံတက်ရပင်မဲ့ ပိန်လှီ သွားတဲ့အမေ၊ဆေးကုသနေပင်မဲ့ ဆံပင်တွေကျွတ်လို့ ကတုံးတုံး လိုက်ရသည့်အမေ... နောက်ဆုံးဆေးရုံမှာပင်သေဆုံးသွားတဲ့အမေ..
ပိုင်ဇေသည် ဆေးရုံကြောက်သည့်ရောဂါ ပင်စွဲကပ်လာသလိုပင်။ထိုကြောင့် ငယ်ငယ်တည်းက ရောဂါမဖြစ်အောင်နေသည်။ဖြစ်လာလျှင်လည်း အမြဲကြိတ်ကုသည်။ယခုတော့ မတတ်သာပဲ ဆေးရုံရောက်လာရပြန်သည်။

ပိုင်ဇေ သည် တမနက်လုံးဘာမှမစားရပါ။ခွဲထားတာ သိပ်မကြာသေးသည်မို့ ဆေးသွင်းထားရသည်။လက်ကောက်ဝတ်တွင်အပ်တချောင်းထိုးထားကာဆေးနဲ့ အာဟာရဖြစ်နေတာကြောင့် ဗိုက်မဆာပင်မဲ့ လျှာကတော့ တောင့်တကာ စားချင်သည်များကို စိတ်ထဲကရေရွတ်နေသည်။လူ့စိတ်ကလည်း ခက်သည်။စားလို့မရဘူးဆိုမှ စားချင်နေတာမျိုး....ဘယ်လောက်တောင်ကျက်သရေယုတ်လိုက်သလဲ...

မနက်ခင်း ဆရာဝန် round တခါလှည့်သွားပြီး ဆေးပုလင်း လာလဲ တာကလွဲရင် ထွေထွေထူးထူးမရှိပေ။
သြရမောင်ကတော့ ခွင့်တရက်ယူလိုက်လေသည်။
အမှန်က ဒီလောက်လုပ်ပေးဖို့မလိုပင်မယ့် သြရမောင်ကိုယ်တိုင်ကလည်း စိတ်ရင်းနဲ့ လုပ်ကိုင်ပေးနေသည်မို့ ပိုင်ဇေလည်း မငြင်းတော့။ဘာပဲဖြစ်ဖြစ် နီးစပ်ဖို့ အခွင့်အရေးရသည်ဟုသာမှတ်လိုက်သည်။

သြရမောင်ရေချိုးခန်းထဲဝင်နေစဉ် အခန်းတံခါးကို ဖွင့်၍ခွန်းသနှင့်မိမွန်က သုတ်သီးသုတ်ပြာဝင်လာသည်။

"ပိုင်ဇေရယ် ငါကနင်သေသွားပြီလားလို့"

မိမွန်ရဲ့ဝင်ဝင်ချင်းပြောတဲ့စကားကြောင့် ပိုင်ဇေသည် မစားရတဲ့ ထမင်းပင်နင်သွား သည်။ပြောလိုက်ရင်အားကြီးနဲ့..
"အေး အခုမသေသေးဘူးမလား...ငိုလို့ရပြီ"

My Boyfriend is a traffic policeWhere stories live. Discover now