Zawgyi
ရှောင်းကျန့် ကုတင်ပေါ်မှာ ပင်ပန်းပြီးအိပ်ပျော်နေတဲ့ရိပေါ်ကို ကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ် သူကြောင့်မို့လို့ရိပေါ် အခုလိုခံစားနေရတာမလား။
ရှောင်းကျန့် ရိပေါ်လက်ကိုကိုင်ပြီး အသံတိတ်မျက်ရည်ကျနေတုန်း တံခါးခေါက်သံနဲ့အတူ မိဖုရားကြီးကအခန်းထဲဝင်လာတယ်။ရှောင်းကျန့်လည်း မိဖုရားကြီးဝင်လာတော့ ရိပေါ်လက်ကိုကိုင်ထားရာကနေလွှတ်ပြီး ထိုင်ခုံပေါ်ကထလိုက်တယ်။
မိဖုရားကြီးလည်း ရိပေါ်နားလာပြီးနှဖူးကိုငုံနမ်းလိုက်ပြီး စိတ်ထဲကနေပြောလိုက်တယ်။'တော်ပါသေးတယ် ငါ့သားတော်လေး အချိန်မှီလေးကယ်တင်လိုက်နိုင်လို့ မကောင်းတဲ့သူလက်ထဲမရောက်သွားတာ'
မိဖုရားကြီးက ရိပေါ်ကိုကြည့်နေရင်းက သူ့အနောက်မှာရပ်နေတဲ့ရှောင်းကျန့်ကိုလှည့်မေးလိုက်တယ်။
"မင်းရော ဘယ်လိုလည်းသက်သာပြီလား''
"ဟုတ်ကဲ့ ကျွန်တော်သက်သာနေပါပြီခင်ဗျ ကျေးဇူးတင်ပါတယ် မိဖုရားကြီး ကျွန်တော့်ကိုကယ်တင်ပေးလို့''
"ရပါတယ် မင်းကငါ့သားတော်ရဲ့ကြင်ယာတော်လောင်းဘဲ ငါဒီလောက်ကတော့လုပ်ပေးရမှာပေါ့''
"ဟုတ်ကဲ့''
အရင်ကတည်းက နှစ်ယောက်လုံးကပြေလည်တဲ့ဆက်ဆံရေးမဟုတ်လို့ ပြောစရာစကားမရှိဘဲ အခန်းထဲမှာ တိတ်ဆိတ်နေတယ်။
မိဖုရားကြီးက ဒီအနေအထားကိုမကြိုက်တာကြောင့် အေးစက်နေတဲ့လေထုကိုဖြိုခွဲဖို့ စကားစလိုက်တယ်။"ဆရာဝန်ကရိပေါ်ကို ဘာပြောသွားသေးလည်း''
"အရမ်းပြင်းတဲ့ဆေးမလို့ ခဏလောက်တော့ သတိမေ့နေလိမ့်မယ်လို့ ပြောပါတယ် မိဖုရားကြီး ကျန်တာတော့ စိုးရိမ်စရာမရှိဘူးလို့ပြောသွားပါတယ်''
"တော်ပါသေးတယ် ဘာမှမဖြစ်လို့ ငါနန်းတော်ကိုပြန်ပြီး လုပ်စရာရှိတာလုပ်လိုက်အုန်းမယ် မင်းရိပေါ်ဘေးနားမှာစောင့်နေလိုက်''
"ဟို...မိဖုရားကြီး အခုရန်ချူလင်းကိုသွားတွေ့မလို့လား''
"အင်းဟုတ်တယ်''