unicode version
Niniကို ကြည့်နေတာ မူမမှန်ဘူးဆိုတာ jijiသိပါသည်
Niniကို ကြည့်ရတာ တခုခုကို ဖုံးကွယ်ထားသလိုပဲ
ညဘက်တွေရောက်ရင် အရင်နဲ့မတူဘဲ အိမ်ပြန်နောက်ကျတတ်လာတယ်
Niniရဲ့ ကိုယ်လုံးမှာ အရက်နံ့ အမြဲအလိုလို စွဲလာကပ်ပါသည်
အဲ့လို အရက်နံ့ရလာရင် niniက အမြဲဖြေရှင်းချက်တခု ပေးလေ့ရှိတယ်
"Company မှာ ပွဲရှိလို့ပါ Jiji ya"
ဒီလို ဖြေရှင်းချက်တွေ ပေးနေကျဆိုတော့ တဖြည်းဖြည်း မယုံကြည်ဖစ်လာပါသည်
ဒါမယ့် jiji niniကို မမေးမိပါ
Niniလောက် jijiကိုချစ်တာ niniပဲရှိတာ
စတွေ့တဲ့နေ့ကတည်းက niniက jijiနောက်ကို တချိန်လုံး လိုက်ကပ်ပြီး ချစ်တယ်ဆိုတဲ့ စကားကို ပြောခဲ့တဲ့သူလေ
Jijiကသာ niniကို မချစ်ခဲ့တာပင်။
မလွှဲသာတဲ့ အခြေအနေကြောင့်သာ niniကို jijiယူခဲ့တာလေ...
Niniလို လူစားမျိုးက jijiကွယ်ရာမှာ မဟုတ်တာ လုပ်မယ့်လူမှ မဟုတ်တာ
"Jiji"
Nini အသံကြားမှ jiji အသိစိတ်ပြန်ဝင်ပါသည်
"အင်း nini ပြန်ရောက်ပြီလား"
"အင်း niniရောက်တာကြာပြီ jijiက ဘာတွေတွေးနေလို့ niniပြန်ရောက်နေတာ မသိရတာလဲ"
"Arrnyi ဒီအတိုင်း ဟိုတွေး ဒီတွေးနေတာ"
"ဟုတ်လား ဘာတွေတွေးနေတာလဲ"
"ဟို... unnieတို့ကို သတိရလို့ပါ"
"ဟုတ်လား အာ့ဆို niniတို့ မနက်ဖြန် သွားတွေ့ရအောင်လေ"
Niniစကားကို jijiခေါင်းညိတ်လိုက်ပါသည်
မိသားစုနဲ့မတွေ့ရတာ ၃နှစ်ကျော်ကျော်လောက် ရှိပြီမို့ တကယ်လွမ်းပါသည်
Jအုပ်စုရဲ့သမီးကို ယူထားရတာ လူတွေက ပျော်ရရာကောင်းတယ်လို့ ထင်ချင်ထင်မှာပါ
Jennieကို ယူလိုက်ရလို့ jijiစွန့်လွှတ်လိုက်ရတာတွေများပါတယ်
Jijiဝါသနာပါတဲ့အနုပညာကို စွန့်လွှတ်ခဲ့ရတယ်
မိသားစုကို သွားတွေ့ချင်သလို သွားတွေ့လို့မရဘူး
အခုက တော်သေးတယ် niniက သူ့မိဘတွေနဲ့ ခွဲနေလို့ပါ အရင်ယူခါစကဆို မိဘတွေကို တခါမှမတွေ့ခဲ့ရထူးပါ အခုမှ niniကြောင့် တလတခါ သွားတွေ့လို့ရပါသေးသည်