အပိုင်း၃ (ကုန်းမြေသို့ခရီးနှင်ခြင်း)

595 67 4
                                    

အပိုင်း၃ (ကုန်းမြေသို့ခရီးနှင်ခြင်း)

" ရှောင်ဖုန်း...ဒီ၃ရက်အတွင်းမှာ ငါသင်ပေးထားတဲ့ ကျင့်နည်းတွေကို နားလည်ရဲ့လား''

"ဟုတ်ကဲ့ ရှောင်ဖုန်းနားလည်ပါတယ်''

ကျီးကန်းကြီးသည် သက်ပြင်းရှည်ချလိုက်ပြီး...

"အင်း...မင်းနားမလည်ဘူးဆိုရင်တော့ မင်းရဲ့ကံပဲ ငါ့အချိန်ကကုန်နေပြီ''

ရှောင်ဖုန်းကပျာကယာနှင့် စိုးရိမ်တကြီးပြောလိုက်သည်။

"ဟာ...ဘဘကလည်း နေကောင်းသွားမှာပါ''

"မဟုတ်ဘူး ဒီနေ့အထိတောင်ငါမနည်းဆွဲဆန့်ထားရတာ အပိုတွေမပြောတော့ဘူး''

ကျီးကန်းကြီးသည် သူ၏ပါးစပ်ကိုဟလိုက်ရာ အနက်ရောင်အလျှံများထွက်နေသော အမြုတေတစ်ခုထွက်လာသည်။

"ဒါက ငါ့ရဲ့နှစ်တစ်သောင်းအမြုတေပဲ ဒါကိုမြိုချလိုက်ရင် မင်းဟာ ငါစွမ်းသလိုစွမ်းပြီ''

ထို့နောက်သူ၏ကိုယ်ခန္ဓာသည် ပြာမှုန်များအဖြစ်သို့ပြောင်းလဲသွားတာ ပင်လယ်လေနှင့်အတူလွင့်ပါသွားတော့သည်။ ရှောင်ဖုန်းလည်း ခေတ္တမျှငေးငိုင်နေပြီးနောက် ပါးထက်မှမျက်ရည်တို့ကိုသုတ်ကာ ကျမ်းစာအုပ်နှင့်် အမြုတေကိုယူလျက် ဂူထဲသို့ဝင်သွားသည်။

ထို့နောက် ပစ္စည်းများကို လျှို့ဝှက်စွာသိမ်းဆည်းထားလိုက်ပြီး ဂူထဲမှထွက်လာတော့သည်။

☁☁☁☁☁☁☁☁☁☁☁☁

🐉အ​ရှေ့ပင်လယ် နဂါးနန်းတော်🐉

နဂါးမင်းသည် ပုလ္လင်ထက်တွင်ထိုင်ကာ ဒေါသထွက်လျက်ရှိနေသည်။ အရှေ့နဂါးနန်းတော်၏ နဂါးပုလဲပျောက်သွားသည့်ကိစ္စကြောင့် နန်းတော်တစ်ခုလုံး ထိတ်လန့်နေကြသည်။ နဂါးမင်းမှ....

"လိပ်ဖိုးဖိုး ဒီကိစ္စကိုဘယ်လိုဖြေရှင်းရမလဲ နောက်၃လကြာတဲ့အခါ ကောင်းကင်နန်းတော်မှာ ပန်းပွဲတော်ရှိတယ် ဒါ့အပြင် ယင်စွမ်းအင်အမြင့်ဆုံးပုဂ္ဂိုလ်လဲပဲပေါ်ထွက်လာမှာ ပင်လယ်ရှစ်ခုက နဂါးပုလဲတွေကိုပေါင်းစည်းပြီး မိုးကောင်းကင်ရဲ့ကောင်းချီးကိုခံယူရမှာ အခု နဂါးပုလဲကမရှိတော့ဘူး ကျုပ်ဘယ်လိုလုပ်ရတော့မှာလဲ''

အရှေ့ပင်လယ် မှ အတိတ်ပုံရိပ်များ (unicode+zawgyi)(completed)Hikayelerin yaşadığı yer. Şimdi keşfedin