"ခွန်းလေးရေ သားငယ်ရေ"
"ဗျာ အမေ"
"အထုတ်ပြင်ပြီးပြီလား"
"ဟုတ် ပြင်ပြီးပြီ"
"သားကြီးရော"
"ပြီးပြီ အမေရ"
"ကဲကဲ သွားတော့ နောက်ကျနေမယ်"
"ဟုတ်ကဲ့ အမေ" (ပြိုင်တူ)
ညီအကိုနှစ်ယောက် လေယောဉ်ပေါ်လဲရောက်ရော
တယောက်မျက်နှာတယောက်ကြည့်ပြီး
သက်ပြင်းချမိတယ်
ဟုတ်တာပေါ့ သူတို့သွားမဲ့နေရာက
ဂျပန်လေ နှစ်တိုင်းသွားနေရတော့
ပျင်းလာရော မသွားပါဘူးလို့ငြင်းတာတောင်
အမေနဲ့အဖေကအတင်းလွှတ်တာ
သားငယ်ကလဲအလုပ်မှမရှိပဲတဲ့
သားကြီးလဲအလုပ်နားပါဆိုပြီး
လွှတ်တော့ လာရတာပေါ့
မိဘတွေစကားကိုနားထောင်တတ်တဲ့
သားတွေဆိုတော့ လက်ခံပြီးထွက်လာရပြန်တယ်
ခွန်းလေးဆို လွတ်လွတ်လပ်လပ်သာနေတယ်
အမေစိတ်ညစ်မဲ့ကိစ္စဆိုမလုပ်ဘူး
ဘာလုပ်လုပ် ခွင့်တောင်းတယ်
သားကြီး ခွန်းပိုင်ဆိုလဲ ရုပ်တည်ပြီး အေးဆေးသမား ဒါမဲ့လဲ
သူညီနဲ့တွေ့ရင် သူလဲကလေးပဲ
ရယ်တာရှားတဲ့သူက ညီနဲ့ဆို အချိန်ပြည့်ရယ်တတ်တယ် သူ့ညီကသူ့ဘဝပဲလို့သတ်မှတ်ထားတဲ့သူပေါ့
အခုလဲ ခွန်းလေးလေယောဥ်မူးတော့
သူ့မှာ ပျာယာခတ်လို့
ဘယ်သူထင်မှာလဲ ဒီလိုဖြစ်နေတာ
ရေခဲတုံး ခွန်းပိုင်ဆိုတာ"ကိုကြီးရေ သားမူးတယ်ဗျ"
"မူးနေတုန်းလား ကိုဘာလုပ်ပေးရမလဲ အန်ချင်လား ရေသောက်မလား ဒါမှမဟုတ် ဆေးသောက်ပြီးအိပ်နေမလား"
"ဆေးသောက်ပြီးအိပ်နေမယ်လေ ရောက်ရင်နိုးနော်"
"အင်းအင်း အိပ်အိပ် နိုးမယ်နော် အေးဆေးအိပ်"
"ကိုကြီး သားအန်ချင်တယ်"
"ခနလေး"
"အန်တော့ ရပြီ""အန်မထွက်ဘူး အီးး ဟင့်"
"မငိုနဲ့လေ ခွန်းလေးရဲ့"
"ကလေးရယ် ဆေးသောက်ဖို့မေ့တာနဲ့ တော်တော်ခံနေရတာပဲ"
YOU ARE READING
Paradise
Romanceစိတ်ကူးယဥ်ဆန်တဲ့ ကောင်လေးတယောက်ရဲ့ ဘဝထဲကို လက်တွေ့ဆန်တဲ့ လူကြီးတယောက် ဝင်ရောက် လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ? Happy Ending နဲ့ပဲအဆုံးသတ်မှာပါနော် ခံစားချက်လွယ်တတ်လို့ ခွန်းက ငိုရမဲ့ အဆုံးသတ်တွေမလုပ်ပါဘူး ဒါက ခွန်းရဲ့ ပထမဆုံး fic လေးပါ အားပေးပါဦး