စားသောက်ပြီးတော့ ဘာလုပ်ကြမလဲဆိုပြီးတိုင်ပင်နေရင်း ပုလဲတယောက်ထပြီးပြောတယ်
"ရုပ်ရှင်သွားကြည့်မယ်လေ"
"ခ ကြည့်ချင်လို့လား"
ပုလဲတယောက် ခွန်းကိုမျက်စပစ်ပြမှ သဘောပေါက်ပြီး
"သွားမယ် သွားကြည့်ချင်တယ်"
ဆိုပြီး ကောက်ကာငင်ကာထပါလေရော
အကိုတွေကတော့ ဒီကလေးတွေဘာဖြစ်နေတာလဲဆိုတဲ့အကြည့်နဲ့ကြည့်နေလိုက်တယ်ရုပ်ရှင်ရုံအရောက် ပုလဲက ခွန်းကိုလက်တို့ပြီး
ခေါ်တယ် လက်မှတ်ဝယ်ဖို့"ကိုကို ပုလဲတို့ပဲသွားဝယ်လိုက်မယ်နော်"
"အင်းပါ"
"ကိုကြီး သားလိုက်သွားမယ်နော်"
"ဟုတ်ပြီ"
လက်မှတ်ဝယ်ရင်းဗျာများနေတဲ့ နှစ်ယောက်ကို အကိုတွေကကြည့်ရင်း
"ပိုင်"
"ဘာလဲ"
"အငယ်လေးတို့မူမမှန်ဘူးနော်"
"အေး ငါလဲကြည့်နေတာ တော်ရုံဆို မိန်းကလေးတွေနဲ့မရောတဲ့ငယ်က ဘယ်လိုတွေဖြစ်နေပါလိမ့်လို့"
"ပုလဲရောပဲ တခုခုကြံစည်နေသလိုခံစားရတယ်"
"အေးနော် စောင့်ကြည့်လိုက်ပါကွာ
ကလေးတွေပဲ ဘာလုပ်မှာမို့လဲ""အေးပါ"
"ပြောနေရင်းပြန်လာပြီ မူမပျက်နဲ့ မင်းခရေ"
"အေးပါ"
"ကိုကို ပုလဲပေါက်ပေါက်ဆုပ်ပါဝယ်လာတယ်"
"ကိုကြီး သားအချဥ်ထုတ်ဝယ်လာတယ်
စားကောင်းတယ် သိလား""ဟုတ်ပါပြီ သွားကြမယ်လေ"
"အေး သွားမယ်"
"သွားမယ်ဟေ့" (ခွန်းနဲ့ပုလဲ)
ဖြစ်ချင်တော့ ခွန်းကအပေါ်ဝတ်ကိုအပါးလေးဝတ်လာမိတယ် ချမ်းလို့တုန်နေရော
ရုပ်ရှင်ကလဲကောင်းတော့ ထလဲမထချင်
ချမ်းကလဲချမ်း ငိုတောင်ငိုချင်လာတယ် ခွန်းတ တယောက် အဲ့အချိန်...

YOU ARE READING
Paradise
Romantikစိတ်ကူးယဥ်ဆန်တဲ့ ကောင်လေးတယောက်ရဲ့ ဘဝထဲကို လက်တွေ့ဆန်တဲ့ လူကြီးတယောက် ဝင်ရောက် လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ? Happy Ending နဲ့ပဲအဆုံးသတ်မှာပါနော် ခံစားချက်လွယ်တတ်လို့ ခွန်းက ငိုရမဲ့ အဆုံးသတ်တွေမလုပ်ပါဘူး ဒါက ခွန်းရဲ့ ပထမဆုံး fic လေးပါ အားပေးပါဦး