Zawgyi
Flashback...
Midnight Flower
Midnight Flower ဟူသော တော်ဝင်ဆန်လှသည့် နာမည်ဖြင့်ဂိုဏ်းမှာ ဥရောပတစ်ခွင်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လွှမ်းမိုးထားနိင်သည်။ ပြင်သစ်နိုင်ငံအခြေစိုက်ဂိုဏ်းဖြစ်သော်လည်း အာဏာစက်မှာ အခြားသော နိုင်ငံများကိုပင် တပြေးညီသက်ရောက်နိုင်သည်။
Midnight Flower၏ ပိုင်ဆိုင်မှုများ လုပ်ငန်းများတွင် Bar Club များအပြင် မူးယစ်ဆေး၊ လက်နက် ၊ ရှေးဟောင်းပစ္စည်း စသည်တို့ ရောင်းဝယ်ဖလှယ်ခြင်းတို့ပါဝင်သည်။ ငွေကြေးအင်အားအလွန်ကြီးမားသဖြင့် နိုင်ငံ့ထိပ်ခေါင်အရာရှိ လုပ်ငန်းရှင် ခေါင်းဆောင်များကိုပင် ချုပ်ကိုင်နိင်သည်။
မြေအောက်မှောင်ခိုလောကတွင်သာမက သာမန်ပြည်သူတို့၏လောကကိုပါ ချုပ်ကိုင်ထားနိုင်သော ကြောက်မက်ဖွယ်ဂိုဏ်းဖြစ်သည်။ နေရာတိုင်းတွင် သူလျှိုများထည့်ထားကာအစိုးရ သတင်းတို့ကိုအချိန်နှင့်တပြေးညီရယူနေသော ဂိုဏ်းလည်းဖြစ်သည်။
Midnight Flower၏ အမြစ်များမှာ ဥရောပတိုက်တစ်ခုလုံးကို ခိုင်ခိုင်မာမာတွယ်ကပ်ထားပြီးဖြစ်ပေသည်။
ဂိုဏ်းခေါင်းဆောင်တို့မှာ မျိုးရိုးစဉ်ဆက်အလိုက် တစ်ယောက်နှင့်တစ်ယောက်အုပ်ချုပ်ပုံမှာမတူကြပေ။အချို့သောခေါင်းဆောင်များမှာရက်စက်လွန်းသလို အချို့မှာ ကြင်နာတတ်ကြသည်။သို့သော်တူညီသည့်အချက်မှာ ခေါင်းဆောင်တိုင်းလိုလို လူရှေ့ထွက်ရသည်ကို လုံးဝ မနှစ်သက်ခြင်းပင်။ တတ်နိုင်သမျှတိတ်တိတ်ဆိတ်ဆိတ်နေတတ်ကြကာ အစွယ်ကိုဖွက်ထားတတ်ကြသည်။
ခေါင်းဆောင်ဖြစ်သည့်အချိန်မှစ၍ မျိုးရိုးနာမည်ကိုLoremဟုပြောင်းလိုက်ရသော Bossများကို Boss, Lady Lorem,Lord Loremဟုတလေးတစား ခေါ်ကြရသည်။ Loremတို့မှာ မာန်မာနကြီးကြသလို တစ်ချိန်တည်းတွင်လည်း အထီးကျန်ကြသူများဖြစ်သည်။မနက်မိုးလင်းသည့်အချိန်မှစ၍ ညမိုးချုပ်အချိန်ထိ အလုပ်များပိကာ ထိုအလုပ်များမှာလည်း အကွက်မှားရွေ့သည်နှင့် တစ်ဂိုဏ်းလုံးအသက်ပျောက်ရလောက်သည်အထိ တာဝန်ကြီးလွန်းသည်။။
YOU ARE READING
Midnight Flower (Season 3)
Actionသန်းခေါင်ယံမှာ အလှဆုံးပွင့်ခဲ့တဲ့ ပန်းတွေလည်း မိုးသောက်ချိန်ရောက်ရင်ကြွေလွင့်သွားရတာ သဘာဝပါပဲ။ Final Season of Masquerade Series. Own Creation Not Translation Starting Date 26 April 2019 CV byHarley Robbie