1-1

90 6 0
                                    


ဒီဇင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့။

နေသာသည်။
အမြင့်ဆုံး အပူချိန် 7°C
အနိမ့်ဆုံး အပူချိနိ 3°C
အနည်းငယ် လေထန်သည်။

ဒီနေ့ ရာသီဥတု သာယာသည်ဟု သတ်မှတ်နိုင်သည်။

မနက် ၇ နာရီခန့်တွင် Chu Xun သည် မနက်စာ ဝယ်နေသည်။ သူ့အနီးအနားတွင် ကျောင်းဝတ်စုံ ဖိုသီဖိုသတ်ဖြင့် မာဖလာ ဝတ်ဆင်ထားခြင်း မရှိသော ကျောင်းသားတစ်စုသည် ပျော်ရွှင်စွာ စနောက်နေကြသည်။ သူတို့လေးများ၏ မျက်နှာသွင်ပြင်သည် ငယ်ရွယ်မှုကြောင့် တောက်ပလင်းလက်နေကြသည်။

Chu Xun သည် သူတို့ကို အမှန်ပင် အားကျမိသည်။ နှစ်ပေါင်းများစွာ ကုန်ဆုံး သွားခဲ့ပြီ။ လာမည့် တနင်္ဂနွေနေ့တွင် သူ အသက် ၃၀ ပင် ပြည့်ရော့မည်။
သူဟာ မငယ်တော့ဘူး။  သူ့ ဝတ်စုံအောက်တွင် အတွင်းခံအနွေးထည်နှင့် cashmere ဂျတ်ကတ်အထူကို အပြင်ကတစ်ထပ် ဝတ်ဆင်ထားသည့်တိုင် သူ အေးနေသေးသည်။ ထို့ကြောင့် သူ့လည်ပင်းတစ်ဝိုက်တွင် မာဖလာဖြင့် တင်းတင်းကျပ်ကျပ် ​ထွေးပတ်ထားရသေးသည်။
သူ့ပုံစံမှာ အခုပင် ဆွဲကြိုးချတော့ မည့် လူတစ်ယောက်နှင့်ပင် တူနေတော့သည်။

၀ယ်ပြီးသည်နှင့် သူသည် Ji Tianze ၏ အိမ်သို့ သွားကာ မနက်စာ သွားပို့ရသည်။

ဒါတောင် Ji Tianze သည် စိတ်မကျေမနပ် ဖြစ်နေသည်။

"ငါက အမဲသား အရသာနဲ့ တစ်ခုကို စားချင်တာလေ၊ ဒါက ၀က်သားနဲ့။ မင်း ဒီလောက်လေးကို တောင် မှားရလား"

ဆက်ပြီး ပြောလိုက်သေးသည်။

ငါ့ နဲ့ ​​ဝေး ဝေး မှာ သွားနေစမ်းပါ၊ မင်းကိုယ်ပေါ်က ဆီန့ံတွေက အရမ်းနံတာပဲ"

သူ့ အကြိုက် မဟုတ်ပေမယ့် Ji Tianze သည် Chu Xun ၀ယ်လာသော မုန့်ကိုသာ စားပြီး Chu Xun ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ငါ ဒီနေ့ သုံးရမည့် power point slide တွေရော။ မင်း ဘာတွေဖြစ်နေတာလဲ။ အခုုထိ လုပ်တာ မပြီးသေးဘူးလား"

Chu Xun သည် ပင်ပန်းနွမ်းနယ်စွာပင် ခေါင်းညိမ့်လိုက်သည်။

"ငါ အကုန် ပြီးသွားပြီ။ slide တစ်ခုစီကို ရင်းနှီးအောင် ပြန် ရှင်းပြပေးမယ်။ ဒါမှ present လုပ်ရင် အဆင်ပြေမှာ...."

You've reached the end of published parts.

⏰ Last updated: May 14, 2020 ⏰

Add this story to your Library to get notified about new parts!

blooming romanceWhere stories live. Discover now