Zawgyi
"ဒါ ငါ့အပိုင်Club။ဒီClubကလူဘယ်သူမဆို မန်နေဂျာအစ သန်ရှင်းရေးအဆုံး ငါ့အပိုင်မို့လို့ နင့်လက်ကို အခုချက်ချင်းချလိုက်စမ်း"
စာရင်းစစ်နေရင်းအပြင်ဘက်မှရုတ်ရုတ်သဲသဲအသံကြောင့် Venessa စိတ်တိုစွာအပြင်ဘက်ကိုထွက်လာလိုက်သည်။ယခုရောက်ရှိနေသော Clubမှာ သူမအသွားအနည်းဆုံး ကြီးကြပ်မှုအနည်းဆုံး Clubဖြစ်သည့်အတွက် ဖြစ်ချင်သလိုဖြစ်နေသည်မှာမဆန်းသော်လည်း အပြင်ဘက်တွင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် နားထင်ကိုပင်သွေးဆောင့်တက်လာသလိုခံစားရသည်။
အသက် ၂၀အရွယ် မိန်းမငယ်တစ်ယောက်အား အတင်းဆွဲလားရမ်းကားလုပ်နေကြသည့်အပြင် Video ပါရိုက်နေခြင်း။ မိန်းကလေးမှာရှက်ရွံ့သဖြင့် ရုန်းသည်ကို ရိုက်နှက်နေသဖြင့် Venessa ကိုယ်တိုင် အာဏာသုံးကာ ဝင်တားလိုက်ခြင်းပင်။
"မင်းက Clubပိုင်ရှင်လား။ ဘာတွေဝင်နာနေတာလဲ။ ငါတို့က တန်ရာတန်ကြေးပေးထားပြီးသားလေ"
ပမာမခန့်ပြောနေသော ထိုကောင်လေးကို Venessa ခေါင်းဆုံးခြေဆုံးကြည့်လိုက်သည်။ဝတ်စားထားပုံအရဆိုပါက အကောင်ကြီးကြီးတစ်ယောက်၏ သားဖြစ်လောက်သည်။ သို့သော်သူမ ဂရုမစိုက်ပေ။ သူမမကျေနပ်ပါက လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် တစ်အိမ်လုံးပြာကျသွားနိုင်သည်လေ။
"တန်ရာတန်ကြေးဆိုတဲ့စကားမပြောခင် ငါ့Clubကလည်း ဒီလို ကိစ္စတွေလုပ်တဲ့နေရာမဟုတ်တာသိသင့်တယ်နော်။ ငါ့Hostတွေကလည်း နင်တို့ ကစားချင်တိုင်းကစားရမယ့်လူတွေမဟုတ်ဘူး။သူတို့မကြိုက်ရင် ငြင်းခွင့်ငါပေးထားတယ် ဟုတ်ပြီလား။ ကောင်လေး ဆင်ဆင်ခြင်ခြင် နေစမ်းပါ။ နင့်အဖေ သိက္ခာမချချင်ဘူးမလား"
သူမစကားကြောင့် ဘေးမှလူအချို့ပင် ပြုံးစိစိဖြစ်သွားကြသည်။
(ဒီငပိန်းတွေက ငါ့Hostတွေကို တော်တော်ပေါပေါပဲပဲထင်နေကြတာပဲ)
"ခင်ဗျားတို့လူကို တန်ရာတန်ကြေးပေး..အားး..."
Venessa စိတ်မရှည်တော့ပင်။ စကားကိုပင်အဆုံးမခံလိုက်ဘဲ ဖန်ပုလင်းကွဲစဖြင့် နှုတ်ခမ်းကိုဆွဲခြစ်ခံလိုက်သဖြင့် အော်သံကြီးမှာ Clubတစ်ခုလုံးကိုဖုံးလွှမ်းသွားလေသည်။ သွေးစက်လက်ကျနေသည့် နှုတ်ခမ်းကိုအုပ်ထားရင်း သွေးပျက်နေသော ထိုလူငယ်မှာ မျက်စိပြူးမျက်ဆံပြူးဖြစ်နေလေပြီ။
YOU ARE READING
Midnight Flower (Season 3)
Actionသန်းခေါင်ယံမှာ အလှဆုံးပွင့်ခဲ့တဲ့ ပန်းတွေလည်း မိုးသောက်ချိန်ရောက်ရင်ကြွေလွင့်သွားရတာ သဘာဝပါပဲ။ Final Season of Masquerade Series. Own Creation Not Translation Starting Date 26 April 2019 CV byHarley Robbie