[Zawgyi]
"ကျန့်ကျန့်ရေမြန်မြန်လုပ် ဒီမှာ ရိပေါ်လေးစောင့်နေပြီ မပြီးသေးဘူးလား "
"လာပါပြီမားရယ် ပြီးပြီ "
"ပြီးရင်လည်းလာ သွားစို့ ဟိုမှာကလေးတွေကစောင့်နေလိမ့်မယ် "
"ဟုတ်ကဲ့ပါ ပါးကိုယ်တိုင်မောင်းမလို့လား အားထျန်းကော "
"အားထျန်းက ခွင့်ယူထားတယ် "
"အော်.."
ရှောင်းပါးနဲ့မားကရှေ့က ရှောင်ကျန့်တို့ကနောက်ကထိုင်ကာ မိဘမဲ့ကျောင်းသို့ထွက်လာကြသည်
...
..."ကျန့်ကျန့် အဲ့မှာဘာလုပ်နေတာလဲ"
"မဟုတ်ပါဘူး... ကိုကို ဟိုးမှာကြည့် ကလေးတွေဆော့နေတာတွေ့လား ရေတံခွန်နားမှာ"
"အင်း...သူတို့လေးတွေပျော်နေပုံရတယ် "
"ကိုကို"
"ပြောလေ ကျန့်ကျန့် "
"ကျန့်ကျန့်လည်းအဲ့နားမှာ ကစားချင်တယ် ပျော်စရာကြီးနေမှာ"
"ရေထဲဆင်းမလို့လား မရဘူးလေ အင်္ကျီလည်းအပိုမပါပဲနဲ့ "
"ဟာ...ကိုကိုကလည်း...အာ့ကအရေးမကြီးဘူး ပြီးရင်ခြောက်သွားမှာ အင်္ကျီချွတ်ဆော့လို့ရတာပဲ"
"မရပါဘူး...အဲ့ကလေးတွေက ကျန့်ကျန့်ကို ကြည့်ကြမှာ ကိုကိုမကြိုက်ဘူး မရဘူး"
"ကိုကိုကလည်း အဲ့တာကလေးတွေလေ သူတို့နဲ့ကိုသဝန်တိုနေတာ"
"ကိုကိုက ဘယ်သူနဲ့ဖြစ်ဖြစ်တိုမှာပဲ မရဘူး မဆော့ရဘူး ပြီးတော့အင်္ကျီလေးက ပါးပါးလေး ရေစိုရင်အကုန်မြင်နေရမှာ မဖြစ်ဘူး"
"ဟာဗျာ...ကိုကိုကလည်း တော်ပြီ ကိုကိုနဲ့စကားမပြောချင်တော့ဘူး ဖယ်"
"ကျန့်ကျန့်...ဟာ...ကိုကိုကစိတ်ဆိုးလည်းခွင့်ပြုမှာမဟုတ်ဘူးနော် အိမ်ရောက်မှပြန်ချော့မှာ သိလား ကောက်မနေနဲ့"
"ဟွန့်"
ရှောင်ကျန့်မျက်စောင်းထိုးကာ စောင့်အောင့်ပြီးထွက်သွားတယ်
...
..."ရိပေါ်...မားပြောတာလုပ်ပြီးပြီလား သား"
DU LIEST GERADE
မင်းအချစ်ကကိုယ့်အတွက်ပဲဖြစ်ပါရစေ (Completed)
Fanfiction[Zawgyi] "အကယ်၍နောက်ဘဝသာရှိခဲ့ရင်လည်း ကိုကိုက ကျန့်ကျန့်ကိုပဲချစ်နေမိမှာပါ ဘဝဆက်တိုင်း ရှောင်ကျန့်ဆိုတဲ့ကောင်လေးကိုပဲ လိုက်ရှာနေမိမှာပါ" ဝမ်ရိပေါ် "ကျန့်ကျန့်ကို အမြဲတမ်း ကိုကိုချစ်ရတဲ့သူ ကို...