အပိုင်း ( ၃ )

426 29 3
                                    

Unicode

-​နေ့လည်မုန့်စားဆင်းချိန်ဖြစ်​သော​ကြောင့် ​ကျောင်းမုန့်​စျေးတန်း​လေး၌ အဖြူအစိမ်း​နဲ့ကျောင်းသူ​​ကျောင်းသား​လေးများ တိုး​ေ၀ှ့ကာ မုန့်၀ယ်​နေကြသည်....ထိုစဥ်...
"ဟာ...လူတစ်​ယောက်လုံးကို​တောင် မမြင်ဘူးလား..လမ်းလဲ​​ ဘေးမှာအလွတ်ကြီး ရှိ​နေတာက်ု ၀င်တိုက်ရလား"
"အိုး....sorry ​နော်..မ​တော်လို့"

-ရုတ်တရက် အရှိန်ပြင်းပြင်းနဲ့ ခလုတ်တိုက်ချင်​ယောင်​ဆောင်​​နေ​တဲ့ ​ကောင်မ​​လေးတစ်​ယောက်​ကြောင့် ​စိတ်ဆတ်တဲ့လေ​ပြေတစ်​ယောက် ​ဒေါသထွက်ရပြန်သည်...အဲ့​ကောင်မ​လေးက ညှို့ ဖြစ်​နေတာ​ကြောင့် ​လေ​ပြေပိုပီးစိတ်ဆိုးမိသည်...

"​အော်...နင်ကိုး...ဘာလဲနင်က ဟို​နေ့ကကိစ္စကိုမ​ကျေနပ်​သေးလို့လား.."
"​အော်..ခက်ပါ​ရော​လား..ကျီးကန်း​မလေးရယ်..မ​တော်လို့တိုက်မိတာပါဆို..မုန့်​စျေးတန်းမှာလဲ လူဒီ​​လောက်ရှုပ်​နေတာ​လေ...နဲနဲတိုက်မိတာ​လေးကို သည်းခံမှ​ပေါ့...စိတ်ချည်းပဲ"
"​အေး..လူ​တွေရှုပ်​နေတာ ငါသိတယ်..ငါမြင်လဲမြင်တယ်..အဲ့လူ​တွေတစ်​ယောက်မှ ငါ့ကို၀င်မတိုက်ဘူး...နင်ပဲငါ့ကို ၀င်တိုက်တာ​လေ..ဒါ..နင်သက်သက်ရန်ရှာ​နေတာမို့​ပေါ့..ဟို​နေ့က ရိုက်ခံရတာမမှတ်​သေးဘူးထင်တယ်"
"​ဒေါသအိုး​လေး..စိတ်ဆိုး​ပြေ​အောင် ဘယ်လိုလုပ်​ပေးရမလဲ ​ပြော..မုန့်၀ယ်​ကျွေးရမလား..ဘာစားချင်လဲ"
"မလိုပါဘူး..နင်၀ယ်​ကျွေးမှ စားနိုင်မယ့်လူစားမျိုး မဟုတ်ဘူး..နင့်ကို​တောင် ဆယ်ဆပြန်၀ယ်​ကျွေးလို့
ရတယ်..သ​ဘော​ပေါက်"
"ဟ...မဟုတ်တာပဲ...​နောက်ဆို ကိုယ့်ကိုအရူးအမူးချစ်လာ​တော့မယ် ​ဟောဒီက ညှို့ရဲ့အနာဂတ် သတို့သမီး​လေး ​လေ​ပြေ ကို ညှို့ကပဲ အခုထဲက ​ကျွေး​မွေး​စောင့်​​ရှောက်ရမှာ​ပေါ့...မဟုတ်ဘူးလား.."
"ဘာ...နင်....နင်ထပ်ပြီးအသာနာချင်​နေတာလား"
"ကဲပါ..​လေ​ပြေရယ် စိတ်​လျှော့လိုက်ပါ..နင်​ပြောင်းဖူးစားချင်တယ်ဆို..လာသွား၀ယ်ရ​အောင်..​တော်ကြာ ​ကျောင်း​ခေါင်း​လောင်းတီးသွားလို့ မစားလိုက်ရဘဲ​နေမယ်...ညှို့ကလဲ ​လေ​ပြေကို မစနဲ့​တော့​နော်...သူငယ်ချင်းအချင်း​ချင်းရန်မဖြစ်ကြပါနဲ့"
"မာယာကလဲ ငါနဲ့သူနဲ့က သူငယ်ချင်းမှမဟုတ်တာ..​နောက်ပြီး အဲ့လိုမိန်းက​လေးချင်းတွဲ​နေတဲ့သူနဲ့​ငါစကားမ​ပြောချင်ဘူး..သူငယ်ချင်းလဲမလုပ်ချင်ဘူး.."
"​လေ​ပြေ...နင်ကလဲ ညှို့ကိုဘယ်လို​ပြောလိုက်တာလဲ..အားနာစရာကြီးဟယ်"
"ဘာကို အားနာရမှာလဲ မာယာရဲ့..ငါကအမှန်ကို​ပြော​နေတာပဲ​လေ..မ​ကျေနပ်ရင်လဲ​ လဲသေရုံပဲ"
"ရပါတယ်..မာယာရယ်..​လေ​ပြေကြိုက်တာ​ပြောပါ​စေ..အဲ့လို ဘုနဲ့​ဘောက်ပြန်​ပြော​နေတဲ့စွာ​တေးလန်ပုံကိုက ချစ်ဖို့​ကောင်း​နေတာ..တစ်​နေ့ ညှို့ရဲ့ ​ကောင်မ​လေးဖြစ်လာမဲ့သူကို အ​လျှော့​ပေးရမှာ​ပေါ့...စိတ်မဆိုးရက်ပါဘူး.."
"နင်.....နင်..."

To Tear BetweenOù les histoires vivent. Découvrez maintenant