အပိုင်း ၄ (ဆိုးသွမ်းနေသော မင်းသမီးလေး)

558 65 10
                                    

အပိုင်း ၄ (ဆိုးသွမ်းနေသော မင်းသမီးလေး)

"ကုန်းကုန်း လာပါပြီ''

တွတ်ထိုးနေကြသောအပျိုတော်များ ချက်ချင်းငြိမ်ကျသွားပြီး ဦးခေါင်းများကိုညွှတ်နေလိုက်ကြသည်။

ကုန်းကုန်းသည် အသက်၃၀ဝန်းကျင်ဖြစ်မည်ဟုခန့်မှန်းရသော အမျိုးသားတစ်ဦးဖြစ်သည်။ မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် ကုန်းကုန်းသာမဟုတ်လျှင် အလွန်ခန့်ညားသော အမျိုးသားတစ်ဦးဖြစ်မည်မှာမလွဲပေ။

ကုန်းကုန်းသည် ခဏက တွတ်ထိုးနေကြသောအပျိုတော် ခြောက်ယောက်အား လက်ညှိုးထိုးကာ ရွေးထုတ်လိုက်သည်။

"မင်းတို့ရောက်နေတာက နန်းတော်ပဲ ပေါက်လွှတ်ပဲစားလျှောက်ပြောလို့ရတဲ့နေရာမဟုတ်ဘူး အပျိုတော်ထိန်း သူတို့ကို ခဝါသည်ဆောင်ကိုပို့လိုက်ပါ ကျန်တဲ့၆ယောက်ထဲက ၂ယောက်ကို မင်းသမီးလေးကို ခစားဖို့ ရွေးမယ် ကျန်တဲ့လေးယောက်ကတော့ မင်းသား၃နဲ့ မင်းသား၄ တို့ရဲ့အဆောင်ကို ၂ယောက်စီသွားရမယ်''

ထို့နောက် ကုန်းကုန်းသည် လန်လန် နှင့် ဖန်တန်း အမည်ရသော အပျိုတော်နှစ်ဦးကို ရွေးထုတ်၍ ခေါ်သွားတော့သည်။ လန်လန်သည် မမပုလဲ မင်းသား၃ထံ မရောက်ပါစေနှင့်ဟု ဆုတောင်း၍ ကုန်းကုန်း၏နောက်သို့လိုက်ပါသွားတော့သည်။

ကုန်းကုန်းသည် မင်းသမီးလေးအား အနီးကပ်ပြုစုသူဖြစ်၍ သူမတို့နှစ်ဦးအား နေရာချထားပေးပြီးသည်နှင့် မှာစရာရှိတာများမှာကြား၍ ပြန်သွားသည်။ သာမန်အားဖြင့် အပျိုတော်အသစ်ဆိုလျှင် အနိုင်ကျင့်ခံရသည်မှာ ထုံးစံဖြစ်သော်လည်း သူမတို့မှာ မင်းသမီးလေး၏ အစေခံများဖြစ်သဖြင့် အခြားမည်သူကမျှ အနိုင်မကျင့်ရဲကြပေ။

🏵မင်းသမီးလေး ဟွာကျန်း အိမ်တော်🏵

"အား နင်ကများ ငါ့ဆံပင်ကို နာအောင်လုပ်ရဲတယ် ထွက်သွားစမ်း သွား.....''

ကုန်းကုန်းဝင်လာသည်နှင့် မင်းသမီးလေး၏ ဒေါသတကြီးအော်ဟစ်သံက ကြိုဆိုနေသည်။ ထို့နောက် အခန်းထဲမှ ငိုယိုကာထွက်လာသော အပျိုတော်မိန်းကလေးကိုတွေ့လိုက်ရသည်။

အရှေ့ပင်လယ် မှ အတိတ်ပုံရိပ်များ (unicode+zawgyi)(completed)Donde viven las historias. Descúbrelo ahora