-uni
မျှော်လင့်ချက်တွေနဲ့ ကျွန်တော်လမ်းလျှောက်နေတာပါ။ဝေဝေ ဝါးဝါး အနာဂတ်အကြောင်းတွေးရင် ကျွန်တော်လမ်းလျှောက်နေတာပါ။
ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်အသဲကွဲနေတယ်။ဒီနေ့ သူမနဲ့ကျွန်တော် ၁ နှစ်နဲ့ ၁လပြည့်နှစ်ပတ်လည်လေးပါ။သူမ မကြိုက်တာတွေ ကျွန်တော်အမြဲလုပ်တယ်။သူ့ကိုမချစ်လို့လားလို့ မေးပြန်ရင်လဲ မဟုတ်ပါဘူး။
ကျွန်တော်ဆိုးခွင့်ရတာ သူတစ်ယောက်ထဲ ရှိလို့။ဒါမဲ့ ခုတော့ ဆိုးချင်တဲ့ ကျွန်တော့စိတ်ပြန်မြိုသိပ်ရတော့မယ်။သူမက ထွက်ခွာသွားပြီလေ။
ကျွန်တော်နဲ့ မဆိုင်တဲ့ ဆက်ဆံရေး ကို ရယူသွားပြီ။သူမက ချစ်ဖို့ကောင်းပါတယ်။ကျွန်တော်ဆိုးသမျှ လဲခံပေးရှာတယ်။ခုတော့ သူမခံနိုင်တော့လို့ ကျွန်တော့ဝေးရာသွားရောပေါ့။
ကျွန်တော်သူမကို သိပ်ချစ်ခဲ့ပါတယ်။အဆုံးရှုံးလဲ မခံနိုင်ရလောက်အောင် အနာဂတ်တွေကိုသူမနဲ့ ဆေးခြယ်ဖို့ တွေးခဲ့ဖူးတယ်။အခုတော့ ကွဲကြေရပြီ။တစ်လမ်းလုံး ဒီအကြောင်းပဲကျွန်တော်တွေးလာခဲ့တယ် အခြားလူတွေဘာတွေဖြစ်ပျက်နေလဲ မသိလောက်အောင် ကျွန်တော့အတွေးတွေ မဲနက်နေတယ်။
လမ်းပေါ်မှာဆိုပေမဲ့ မျက်ရည်တွေလဲ မဆယ်နိုင်ဘူးထင်ပါရဲ့။ပူလောင်နေတဲ့ ရင်ထဲက မီးတွေကြောင့်ထင်ပါတယ် ခြေလှမ်းတွေ လေးလှံလိုက်တာ။
နာကျင်ရတာမကြိုက်သူမို့ သီချင်းလေးများနာထောင်လိုက်ရင် နေရအဆင်ပြေသွားမလားလို့ ဖုန်းလေးထုတ်ပြီး သီချင်းနားထောင်ဖို့ ကြိုးစားကြည့်တယ်။မျက်ရည်တွေ ပိုစီးကျလာတယ် wallpaper ကသူမ ပုံလေး။ဖုန်းလေးအသာပြန်ပိတ်လိုက်ရတယ်။ ဒီလိုနဲ့ အိမ်ဘယ်လိုရောက်သွားလဲ မသိပါဘူး။ အိမ်ရှေ့ရောက်ခါနီးမှ သတိပြန်ဝင်လာလို့ မျက်ရည်တွေ အမြန်သုတ်လိုက်ရတယ်။
အိမ်ထဲလဲ ဝင်ရော အဝတ်လှန်းနေတဲ့ အမေ့ကို တွေ့ရတယ်။ ကလေးတုန်းကလိုဆိုရင်တော့ ကျွန်တော်ပြေးဖက်ပြီး အော်ငိုမိမှာအသေအချာပဲ။အခုတော့ နှုတ်ဆက်ပြီး အိမ်ထဲ မြန်မြန် ပြေးဝင်လာလိုက်ရတယ်။ကျွန်တော့ အခန်းထဲ ရောက်တာနဲ့ အသံတိတ်ငိုပွဲ စရတော့တာပါပဲ။မခံစားဖူးပါ နာကျင်မှုက အတွင်းထဲက မို့မခံစားတတ်ပါ။
YOU ARE READING
ကျွန်တော် မငိုတော့ပါ။ / ကျွန်တော် မငိုတော့ပါ။
أدب المراهقين🔞 အတိတ်တွေက တွေးမိတိုင်း အာခေါင်ခြောက်စရာ။ အတွေးထဲ အတိတ်တွေပဲ ဝဲလို့။ကော်ဖီခါးခါး တစ်ခွက်ကလည်းမကယ်နိုင်ပါ။ဝေဝဲ နေနဲ့ ဆေးလိပ်ငွေ့တွေလဲ မကယ်နိုင်ပါ။အနာဂတ်မဲ့ ရသူ ကျွန်တော် အကြောင်းပြချက်တစ်ခု သို့မဟုတ် အကြောင်းပြရမည့်လူ တစ်ယောက်ကြောင့် မငိုတော့ပါ။ကျွ...