BMW အနက်ရောင် လေး တစ်စီးကိုစိတ်ကြိုက်ရွေးချယ်ပြီး အဘက်ဘက်မှ ပုံတွေ ရိုက်ရင်းပြုံးရွှင်နေတဲ့ကလေးကို ကြည့်ပြီး စိတ်ထဲကပူပင်မှုတစ်ဝက်လျော့ကျစေသည်။
"ကလေး ကြိုက်တယ် မလား ဒါဆို ဒီကားကို ပို့ခိုင်းလိုက်တော့မယ်"
ဖုန်းအကြည့်မပြတ်ပဲ ကျွန်တော် ပြောသမျှကို ခေါင်းငြိမ့်ပြပြီး ကလေးကစကားဆိုလာသည်။
"ဦးပြန်နှင့်လေ ကျွန်တော် ဒီကားနဲ့ ပဲသွားလိုက်တော့မယ် Ahh ဦး ကျွန်တော်ဝင်စရာလေးရှိတယ် Pond တို့နဲ့ အိမ်ပြန်နောက်ကျမယ်နော်"
အားလုံးအဆင်ပြေပါတယ် ညစာ အတူမစားရတော့တာကလွဲလို့......
ကျွန်တော် ပြုံးပြုံးလေးပဲ ခေါင်းငြိမ့်ပြလိုက်တယ် ပြီးတော့ကားထဲကို ဝင်လာပြီးမောင်းထွက်လာခဲ့လိုက် ဟုတ်တယ် ကလေးရဲ့ လွတ်လပ်မှုတွေမချုပ်ချယ်ချင်ဘူး
စိတ်ကုန်သွားမှာကြောက်လို့။ကလေးကို ပြသ်ထားခဲ့မိတဲ့ တစ်လကို ဦး အချိန်တွေ တစ်သက်လုံးအတွက်ပြန်ပေးမှာမို့လို့ကားအနက်ရောင်လေး တစ်စီးဟာ အရှိန်ပြင်းပြင်းနှင့် Vocalant Dance club ကိုဦးတည်လျှက်........
အဝတ်အစား အပိုတွေကို Toilet ထဲမှာဝင်လဲ ပြီး pond,Lamn,Cao တို့ရှိရာစားပွဲသို လျှောက် လာရင်း
Lamn ကိုကြည့်လိုက်မိသည် စကပ်အတိုလေးနှင့် ကျောင်းယူနီဖောင်း အမြဲဝတ်ဆင်နေကျကောင်မလေးက ဒီနေ့ အရောင်အသွေး စုံစုံလင်လင်နှင့် ပိုပြီး လှပနေခဲ့သည်။
"ကြည့်လှချည့်လား Saint ရ ဘာလဲ Lamn ကအရမ်းလှနေတာလား"
ခပ်ဟဟ သူမရဲ့ရယ်သံတွေရဲ့နောက် မှာ ဝန်ခံခြင်းတွေနဲ့ ခေါင်းကို တဆက်ဆက်ငြိမ့်ပြလိုက်တယ် ဘေးနားက စူးစိုက်ကာကြည့်နေသည့် Cao ကြောင့်
"လှနေတယ် အရမ်းပဲ"
ပြောပြီးသည်နှင့် Cao ကလက်ထဲသို့ Beer ခွက် ကမ်းပေးလာတာကြောင့်လှမ်းယူလိုက်ပြီး တစ်ကျိုက်လောက်မော့သောက်ပြလိုက်သည်။ရင်ထဲသို့ပူဆင်းသွားသည့် အရသာကြောင့် ကျွန်တော်ခေါင်းတွေ ချာချာလည်သွားသည်အထိ
YOU ARE READING
ချွဲစိန် ရစ်လုံး{ Z&U}(Complete)
Fanfiction"ကလေး ဆိုလည်းချစ်မှာပဲ ကလေးရစ်လဲခံမှာပဲ ကလေး ဘယ်လိုနေနေချစ်မှာပဲ" "ဦးက ကလေး ရစ်တယ်ပြောချင်တာလား ကလေး ကဆိုးတယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့" 🖤PerthSaint♥