A

1.2K 196 7
                                    

(Unicode)

တစ်ယောက်ပြီးတစ်ယောက် espérer ရှေ့မှာ ထွက်ယှဉ်ပြိုင်ကြပေမဲ့ ပြုံးအောင်တော့ ဘယ်သူမှ လုပ်နိုင်စွမ်းမရှိကြ........ပြိုင်ပွဲစည်းကမ်းအရ ရယ်စရာပြောခွင့်မရှိ.......အချိန်က ည၁၂နာရီနောက်ဆုံးပင်......
၁၀နာရီထိုးလာပြီဖြစ်ပေမဲ့ taehyungအလှည့်မရောက်သေး....၁၀နာရီ ၄၅လောက်ရောက်မှ....

"ကဲ.....အခု အလှည့်ကျတဲ့သူကတော့ Kim Vပါခင်ဗျာ...."

Taehyungအဖေက နာမည်ကြီး K Ent ရဲ့ CEOမို့ Taehyungကို သိသ‌င့်‌သလောက်တော့သိကျသည်..
အရှုပ်အရှင်းဖြစ်လာမှာဆိုးလို့ နာမည်လွှဲပြီးပြိုင်ခြင်းပင်......သူထွက်လာဖို့ခြေလှမ်းအပြင်....တစ်ခန်းလုံးမှောင်သွားတာကြောင့် အကုန် ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ကုန်သည်.....အဲ့အချိန်....

"မီး.......မီး.....မီး.......မီး......"

မှောင်နေလို့ သူ့မမြင်ရ၊ ကိုယ့်မမြင်ရဖြစ်နေသည့်အချိန် မီးဆိုတော့ အကုန်လန့်ဖျန့်ပြ ကုလားသိုက် ကျားဝင်ကိုက်သည့်နှယ် ဆူညံပွက်လောရိုက်ကုန်သည်..........Espérer ကိုယ်တိုင်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ.....ဘယ်ပြေးလို့ပြေးရမှန်းမသိ.....လူက များနေတာကို....နဂိုကတည်းက အမှောင်နဲ့ အသားမကျသူမို့ ဇောချွေးတွေပြန်လာတဲ့အချိန်.....
လက်ကိုလာဆွဲတဲ့ တစ်စုံတစ်ယောက်......

"ဘာလုပ်တာလဲ...."

"ကျွန်တော့်နောက်လိုက်ခဲ့ပါ espérer shi....."

အမှောင်ထဲမို့ မမြင်ရလင့်ကစား ရှုပ်ရှုပ်ထွေးထွေးတွေဖြစ်ကုန်သည့် ထိုအချိန်မှာ သူဘယ်သူမှန်းသိနေသည့် ထိုလူသား၏ အသံမှာ ဩဇာအာဏာတွေ အပြည့်အဝသက်ရောက်နေသည်..ကိုယ်တိုင်လည်း အန္တရာယ်ထဲရောက်နေတာမို့ ငြင်းဆန်ခြင်းငှာအလျဉ်းမရှိ....
သူ့‌နောက်ကိုသာ အလျင်အမြန်လိုက်ခဲ့တော့သည်.....
ဘယ်သွားနေမှန်း သူမသိ....သို့ပေသိ သိပ်မကြာခင်မှာပဲ အပြင်ကိုရောက်သွားပြီး အနီးက ပန်းခြံလေးထဲ ရောက်သွားသည်...၂၄နာရီလုံးဖွင့်သော်လည်း ညဘက်မို့လို့ လူရှင်းနေသည်....

"Espérer shi...."

"Nae...."

အလင်းထဲရောက်တော့မှ သူ့ကယ်တင်ရှင်ကို သူငေးကြည့်မိသည်....ချောသည်....အင်မတန်ကို ချောသည်......ဆွဲဆောင်မှုရှိသည့်မျက်နှာထား၊ ဩဇာပြည့်သောအသံနှင့်....သံလိုက်ဓာတ်လို မမြင်နိုင်သော စွမ်းအားက ထိုလူသားဝယ် ခစားနေသည်.........
အကြည့်တို့ကိုမရုတ်သိမ်းနိုင်လောက်အောင်ပင် ထိုလူသားက ဆွဲဆောင်နိုင်လွန်းသည်...

Falseness ||COMPLETED||Where stories live. Discover now