🖤35♥

2K 123 18
                                    

Paw တို့အိမ်ကိုရောက်သည်နှင့်နေ့လည်စာဝိုင်းသို့ တန်းခေါ်တာကြောင့် ထမင်းလက်ဆုံစားဖြစ်ခဲ့သည်။ဘေးက ဦးက ဟင်းတွေ ခပ်ထည့်ပေးနေတာကြောင့် လျစ်လျူရှုပြီးသား ထမင်းစားနေလိုက်သည်။

Mae nuk က စားသောက်ပြီးသည်နှင့်အချိုတည်းရန်ပြင်ဆင်ပေးပြီး ကျွန်တော်တို့ခြောက်ယောက်မျက်နှာချင်းဆိုင်ထိုင်နေရင်း Paw ကစကားဆိုလာသည်။

"Saint မင်းဘယ်ခြေလှမ်း ကို လှမ်းနေတယ်ဆိုတာ သမီးကြီးပြောလို့ငါသိပြီးပြီ ကယ် မင်းဘာဖြစ်ချင်နေတာလဲ"

Paw စကားကိုကြားတော့ တကယ်မင်သက်သွားမိတာ အမှန်ပဲ

လက်သီးဆုပ်ကလေးလေးနှင့် Sofa ပေါ်ပိုထောက်ထားပြီးမျက်လုံးလေးမှိတ်လို့ ခေါင်းငိုက်ဆိုက်ကျပြီး ငြိမ်နေတဲ့ကလေးလေး

ကလေး ဒီလို အကြပ်အတည်းဖြစ်နေတာကို ကျွန်တော်မမြင်ရက်ဘူး

"အန်ကယ်ရယ် ကလေး စိတ်တွေရှုပ်နေလို့နေမှာပါ ကလေး......ဘာမှမဖြစ်နဲ့နော်...ဦးတို့ပြန်မယ်...ဦး.."

ပုခုံးလေးကိုလှမ်းကိုင်ပြီး ကျောပြင်ကို ပွတ်သပ်ပေးလိုက်သည်။ကျွန်တော့်ရဲ့ခွေးဖြူလေးကိုဆူနေကြတယ် ကျွန်တော်မကြိုက်ဘူး ကလေးကို လက်ဆွဲပြီး အိမ်သို့ပြန်ခေါ်သွားချင်နေပြီ

"တော်ပါတော့ဗျာ.....အဲ့...ကလေး ...ကလေး...ဆိုတာကြီးတော်ပါတော့ ကျုပ်ခင်ဗျားကို အရမ်းစိတ်ပျက်လာပြီ"

လက်ကို ဖယ်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်တဲ့ ကလေးလေး

လက်ရမ်းပေါ်ကို မှီ လျက် ဖြစ်သွားခဲ့ပေမဲ့ မျက်ရည်တွေကြားက ကလေးလေးကိုတော့ မကြည့်ရက်ဘူးမျက်ရည်တွေနဲ့ Saint ကိုကြည့်နေပြီး နာကျင်စွာဆွံ့အမိပါရဲ့မငိုပါနဲ့ကလေးရေ

ဖြန်း.........

"အန်တီ......"

ချာကနည်းလည်ထွက်သွားတဲ့ ခွေးဖြူလေးအနားကို ချက်ချင်းသွားပြီး Mae nuk ကို တားရတော့သည်။ အံ့သြစွာငေးကြည့်နေသည့် ကလေူရဲ့ မျက်ဝန်းလေးတွေ ဦးကလေးအနားမှာ ရှိရက် မကာကွယ်ပေးလိုက်နိုင်ဘူး

"Mae......."

ပါးပြင်ကို ကိုင်လျက် Nuk ကိုမယုံကြည်နိုင်စွာ ငေးကြည့်နေပြီး မျက်ထောင်နီများဖြင့် Perth ကိုစိုက်ကြည့်နေလိုက်သည်။
အနားကိုရောက်နေတဲ့ Perth ကို လက်နဲ့ကာပြီး မဲ့ပြုံးတစ်ချက်နှင့် ကျွန်တော် အရမ်းစိတ်ပျက်မိသွားပြီ ဦးရှိနေပေမဲ့ ဦးကို မလိုချင်တော့ဘူး ကျွန်တော် အကြပ်အတည်းတွေထဲရောက်နေရတာ ဦးကြောင့် ဦးကိုချစ်ခဲ့မိလို့ ဦးကြောင့် ဦးကိုအော်ပြောလိုက်ပြီး ဒီအိမ်ကြီးထဲက ကျွန်တော်ပြေးထွက်လာခဲ့သည်။Paw ရဲ့ခေါ်သံတွေကိုလျစ်လျူရှုခဲ့ပြီးတော့

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Onde histórias criam vida. Descubra agora