တံခါးဖွင့်ပေးလိုက်သည်နှင့် ဖက်ပါရစေဆိုပြီး ခွင့်တောင်းပြီး ပွေ့ဖတ်ပြီး ငိုနေတဲ့ Saint ကြောင့် Lamn တစ်ယောက်နှစ်သိမ့်ပေးရင်း ကျောပြင်ကို ခပ်ဖွဖွလေးပွတ်ပေးလိုက်ရင်း"အဆင်ပြေရဲ့လား "
"Lamn ကိုယ်အရမ်းပင်ပန်းနေသလိုခံစားနေရတယ် ဒီနေရာက အရမ်းတင်းကြပ်နေတယ်"
ရင်ဘက်ကို လက်နှင့်ပုတ်ပြပြီး ငိုနေတဲ့ Saint ကို ချော့မော့ပြီးခုံပေါ်မှာထိုင်ခိုင်းလိုက်ရသည်။အမှန်ဆို သူမ လိုချင်သည့် အချိန်အခါကို နည်းနည်းစောပြီးရောက်လာသားပဲ
"ငါဖျော်ရည်သွားဖျော်ပေးမယ် နော် ခဏစောင့်"
Lemon juice ကိုခွက်ထဲပြောင်းထည့်လာပြီး saint ရှေ့ကို ချပေးလိုက်သည်။
မျက်လုံးတွေ ဖောင်းကားနေသည်အထိ ငိုနေသော ကလေးငယ်
ဒူးလေးထောင်ကာ ခေါင်းငိုက်စိုက်ကျပြီး ငိုနေတဲ့ကလေးငယ်ဘယ်တုန်းကမှ မရိုက်ဖူးသော Mae က ရိုက်ခဲ့သည်။ ပါးကို ကျွန်တော့်ဘက်မှာ ဘယ်သူ့မရှိကြဘူးအခန်းတံခါးကို ဝုန်းဒိုင်းကြဲစွာ လာလောက်နေတာကြောင့် Lamn တစ်ယောက် သွားဖွင့်ပေးတော့ မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်နေတဲ့ ဟိုနေ့က ကောင်မလေးနှစ်ယောက်နှင့် Pond
"ဘာကိစ္စရှိလို့လဲရှင့်"
"Saint ရော ဘယ်မှာလဲ "
Lam အမေးကို Lily, ကအမေးနဲ့ ထပ်ကာမေးလိုက်ပေမဲ့ တိုးတိုက်ပြီး ဝင်သွားတဲ့ Aim ကြောင့် Lamn တောင်လန့်သွားရသည်။
Saint နှင့်မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်ပြီး lamn ကတော့ ရပ်ကြည့်နေလျှက်"ဦး Perth ဘာဖြစ်နေလဲမမေးတော့ဘူးလား သူ့ခြေထောက်ထိခိုက်သွားတာ နင်မသိဘူးလို့တော့မပြောနဲ့နော် သူလဲကျနေတဲ့နေရာ မှာ ကတည်းက နင်နည်းနည်းလောက် စိတ်ပူပေးခဲ့သင့်တယ် ဦး Perth နင့်ကို ဘယ်လောက်ချစ်လဲ နင်မသိတာလား Saint"
ခေါင်းငုံ့နေရာမှ Aim မျက်လုံးကို စိုက်ကြည့်ကာ ကျွန်တော် စကားတွေကို အသံဖိကာပြောလိုက်တော့သည်။
"ငါ့ဘက်ကို ရော ဘယ်သူခံစားပေးကြည့်ဖူးလဲ ငါဘာဖြစ်နေလဲ ဘယ်သူမေးဖူးလဲ ဟမ်.....ငါ ကို ကလေး...ကလေး...နဲ့ ဂရုစိုက်ပြနေတာ လူတွေကြားထဲမှာ ငါရှက်တယ်"
ESTÁS LEYENDO
ချွဲစိန် ရစ်လုံး{ Z&U}(Complete)
Fanfic"ကလေး ဆိုလည်းချစ်မှာပဲ ကလေးရစ်လဲခံမှာပဲ ကလေး ဘယ်လိုနေနေချစ်မှာပဲ" "ဦးက ကလေး ရစ်တယ်ပြောချင်တာလား ကလေး ကဆိုးတယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့" 🖤PerthSaint♥