အပိုင်း-၁>ပေါက်ကွဲနေသော fan တစ်ယောက်

2.3K 113 8
                                    

လင်းရှုချန်းတစ်ယောက် သူရှေ့မှာ ပေါ်နေတဲ့ ကွန်ပျူတာမျက်နှာပြင်ကို တွေတွေကြီး ငေးကြည့်နေမိတယ်။ မကြာခင်မှာပဲ သတိဝင်လာပြီး ဘေးနားက ဖုန်းကို ဒေါသတကြီး ကောက်ကိုင်ကာ ထိပ်ဆုံးက ဖုန်းနံပါတ်ကို နှိပ်လိုက်တယ်။

"ဟယ်လို ရှောင်ချန်း-"

"ကျွမ်းကော!ဇာတ်သိမ်းက ဘာကြီးလဲ!?"

တစ်ဖက်လူ စကားအဆုံးကို နားမထောင်ဘဲ ပိတ်အော်လိုက်တယ်။ နားအူသွားလဲ မတတ်နိုင် အခုချိန်မှာ ဒေါသထွက်နေတာမို့😡။

"ရှောင်ချန်း ဇာတ်လမ်းဆိုတာ မထင်မှတ်ထား-"

"တော် တန် တိတ်! ရီဒါတွေ တိုးချင်တာနဲ့ပဲ ဒီလောက်ဇာတ်နာရလားလို့!"

သူပြောချင်ရာပြောပြီး လင်းရှုချန်း တစ်ယောက် ဖုန်းချပလိုက်တယ်။

ထို့နောက် ဘေးနားက တစ်ရှူးဘူးကို ယူကာ အားရပါးရ ငိုတော့သည်။😭😭

လင်းရှုချန်းက ရှေးဟောင်း မောင်းမဆောင် ဇာတ်လမ်းတွေ ဖတ်ရတာ အဲ့လောက် ဝါသနာမပါ။ အရှုပ်အယှက်တွေ မကြိုက်တဲ့အပြင် သူကိုယ်တိုင်က လိင်တူချစ်သူ ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်သည်။

ဒါပေမဲ့ ငယ်သူငယ်ချင်း အကိုတစ်ယောက် တင်ထားတာကို အမှတ်မထင်တွေ့ရာမှ အရေးအသားတွေ ပြေပြစ်ခြင်း ဇာတ်ကောင်တွေရဲ့ သရုပ်တွေ ပေါ်လွင်ခြင်းတို့ကြောင့် သဘောကျကာ ဖတ်မိရင်း နောက်မှ ထပ်သိလိုက်သည်က ထိုဝတ္ထုတွင် လိင်တူလက်ထပ်မှုလည်း ပါခြင်း။ ပြောရရင်တော့ ဇာတ်လိုက်၏ မောင်းမဆောင်ထဲတွင် ယောက်ျားလေးတွေလည်း ပါသည်ပေါ့။😏

ထိုအကြောင်းတွေကြောင့် လင်းရှုချန်းမှာ ဖတ်ရင်းနဲ့ စွဲလာတော့သည်။

ဇာတ်လိုက်နဲ့ အချောလေးတွေရဲ့ ကလူနေမှုတွေ ကြည့်လိုက် ကြားဖြတ်လိင်တူအတွဲလေးတွေရဲ့ ကြည်နူးစရာအပိုင်းလေးတွေကို ကြည့်လိုက် author nim ကို update သွားတောင်းလိုက် စုဘူးလေး ဖောက်ကာ မျက်ရည် ရွှဲလဲနှင့် purple coin ဝယ်ဖတ်လိုက်နှင့် ငါးနှစ်လုံး စွဲစွဲလမ်းလမ်း ဖတ်ခဲ့သည်။

'ရာဇဝင်ထဲက အိပ်မက်တမ်းချင်း' ဘယ်လောက်တောင် ကျက်သရေရှိလိုက်တဲ့ နာမည်လေးလည်း!

ဝတ္ထုထဲက ဇာတ်ကောင်တွေ ကွေးကုန်ပြီ!!😲😱Where stories live. Discover now