ကောင်းကင်သည် ကောင်းမွန်စွာပင် မလင်းသေး နေလုံးကြီးသည်အရှေ့အရပ်ကနေတဖြည်းဖြည်း
တက်လာကာစအချိန် မနက်စောစောတွင် မြို့ထဲရှိ Jing အိမ်တော်ထံသို့ မဖိတ်ခေါ်ထားသည့် ဧည့်သည်တစ်ယောက် ရောက်လာလေသည်။"တံခါးဖွင့်! တံခါးဖွင့်!"
" ဘယ်သူလဲ လာပြီ..လာပြီ!! နံနက်စောစောစီးစီးသေချင်နေပြီလား?" တံခါးကိုဖွင့်ရန်အစေခံတစ်ယောက်ရောက်လာပြီး
တံခါးတဖက်ရှိလူကိုမြင်သောအခါ
" ဝမ် .. ဝမ်ရယ်၊ ဘာလိုလုပ်ဒီကိုရောက်လာတာလဲ"Dongfang Hao Ye ကသူ့ကိုတွန်းထုတ်ပြီး အထဲသို့ဝင်သွားလိုက်သည်
"Yao Yue? ဝမ်ဖေး ဘယ်မှာလဲ?""ဝမ်ဖေး ကအိပ်ခန်းထဲမှာပါအခုမနိုးသေးပါဘူး .. "
ရှောင်ဝမ်ရယ် သည်သူ့စကားကိုပြီးဆုံးရန်ပင် မစောင့်ဘဲ ပင်မအိမ်တော်သို့ ဝင်သွားလိုက်သည်။ အိပ်ခန်းထဲသို့ ဝင်လိုက်သောအခါ Beitang Yao Yue သည်အိပ်ရာမှနိုးလာသည်ကို တွေ့လိုက်ရသည်။
"Yao Yue!" Dongfang Hao Ye သည်အော်ငိုလိုက်ပြီး Yao Yue၏ရင်ခွင်ထဲသို့ တိုးဝင်သွားသည် ဖက်လိုက်သည့်အရှိန် ကြောင့် Yao Yueကော သူပါ အိပ်ရာပေါ် လဲကျ သွားလေသည်
Beitang Yao Yue က အံ့ဩစွာဖြင့် "မင်းဘာလို့ ဒီရောက်လာတာလဲ? မနက်စောကြီးဘာတွေဖြစ်ခဲ့လို့လဲ?"
ရှောင်ဝမ်ရယ်သည် ဘာမှမပြောဘဲ yao Yue ကိုသာ ခပ်တင်းတင်းဖက်ထားလေသည် သူ့ခါးကို တင်းကျပ်စွာ ဖက်ထားပြီး မျက်နှာကို ရင်ခွင်ထဲတွင်အပ်ထားလေသည်
အိပ်ရာပေါ်ဖိခံထားရတာက Beitang Yao Yue အဖို့ စိတ်မသက်မသာကိုခံစားရလေသည် သူအနည်းငယ်ရုန်းလိုက်သောအခါ Dongfang Hao Yeက လက်ကိုတင်းတင်းထပ်ဆုပ်ကိုင် လိုက်ပြန်သည် သူက သက်ပြင်းချလိုက်ပြီး
" ခါးကျိုးတော့မယ်"ဟု ပြောလိုက်သည်Dongfang Hao Ye က" တကယ်သာ ကျိုးသွားရင် ကောင်းတာပေါ့"
"ဟမ်...မင်းဘာပြောလိုက်တာလဲ?"
Dongfang Hao Ye သည် ခေါင်းမော့လိုက်ပြီးသူနှင့်မျက်နှာချင်းဆိုင်လိုက်ကာ သူတို့နှာခေါင်းများကထိလုနီးပါးပင်ဖြစ်သွားသည်။ "မင်းရဲ့ခါးကျိုးသွားခဲ့ပြီဆိုရင် မင်းကိုကိုယ့်ဘေးနား မှာပဲ အမြဲတမ်းထားနိုင်မှာလေ"
YOU ARE READING
My Wangfei Is A Man [Myanmar Translation]
Historical FictionOriginal Author - SHI SHI English translator - Hontra CHAPTER : 20 Episodes+3Extra(Complete) STARTING DATE : 27.3.2020 ENDING DATE : SOURCE :https://www.novelupdates.com/series/my-wangfei-is-a-man/ BOTH ZAWGYI AND UNICODE ARE AVAILABLE