အပိုင်း (၁)

405 16 6
                                    

2018 မတ်လ

မနက်ခင်းတစ်ခုက အစပျိုးရုံရှိသေးပေမယ့်...
"ထည်ဝါ" စံအိမ်ကြီးထဲမှ အလုပ်သမားများကတော့အိမ်ကြီးရှင်များအတွက် မင်္ဂလာရှိတဲ့မနက်ခင်းတစ်ခုဖြစ်ရန် တာဝန်ကိ်ုယ်စီနဲ့ခြေချင်းခတ်မိမတတ်အလုပ်ရှုပ်နေကြသည်...ကျွန်တော်အပါဝင်...

မီးဖိုချောင်ထဲခဏဝင်ကြည့်တော့ ကော်ဖီကိုအိုးထဲဖြည့်နေတဲ့ကလေးမကိုတွေ့တာနဲ့...

"ကော်ဖီရပြီလား..."

လုပ်လက်စအလုပ်ကိုရပ်ကာ ကျွန်တော့်ဘက်လှည့်အရိုသေပြုရင်း....

"ဟုတ်အဆင်သင့်ပါပဲ အကိုလေး..."

"နွားနို့ရောများရဲ့လား...မင်းတို့သခင်လေး အချိုကြိုက်တာသိတယ်မလား...."

"ဟုတ် သခင်လေးသောက်နေကြအတိုင်း ပန်ပန်သေချာဖျော်ထားပါတယ် အကိုလေး..."

ကျေနပ်ကြောင်းအသိမှတ်ပြုခေါင်းတစ်ချက်ငြိမ့်ပြကာ သခင်လေးရှိရာ အပေါ်ထပ်သို့တတ်လာခဲ့သည်..။အပေါ်ရောက်တော့ သခင်လေးအခန်းရှေ့မှာ အိမ်အကူနှစ်ယောက် တွန်းလိုက်ထိုးလိုက်လုပ်နေကြလို ့ချောင်းဟန့်ပြရသေး...

"အဟမ်း...."

ထုံးစံ အတိုင်းသခင်လေးကို သူနှိုး ငါနှိုး ငြင်းခုံနေတဲ့ပုံပင်..။

"သခင်လေးကို ငါနှိုးလိုက်မှာမို့ လုပ်စရာရှိတာသွားလုပ်တော့..."

အရိုအသေပေးပြီး ဝမ်းသာအားရထွက်သွားကြတဲ့ကလေးမတွေ...သခင်လေးဆိုကြောက်လိုက်တာလဲပြာလို့...ပြီးရင်နောက်ကွယ်ကျ သခင်လေးဘယ်လောက်ချောကြောင်း၊ခန့်ကြောင်းတွေကိုအမွှန်းတင်ကြရတာလည်းအမော...
ဒီကလေးမတွေကတော့လေ....
..
"ဘာတွေ ခေါင်းတရမ်းရမ်းနဲ့ပြုံးနေတာလဲ..."

အခန်းထဲကနေ suitအပြည့်နဲ့ထွက်လာတဲ့ သခင်လေးကို အရိုသေတစ်ချက်ပြုရင်း...

"သခင်လေး အစောကြီးနိုးနေတာပဲ..."

"အင်း...ကိုယ်ညကအိပ်တာစောသွားလို့..."

"ဟုတ်သခင်လေး...အောက်မှာ သူဌေးတို့မနက်စာစားဖို့ စောင့်နေကြပြီ..."

.................................................

"ဟယ်...သား...အစောကြီးနိုးနေတာပဲ လာလာ...မာမီ့်သားလေးကြိုက်တဲ့ မုန့်ဟင်းခါးပြင်ခိုင်းထားတယ် အိုးဘဲဥလေးကောပါတယ်သိလား..."

Make You MineWhere stories live. Discover now