သူမရှိတဲ့ မွေ့ယာထက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်တတ်ပြီ
သူမရှိတဲ့ နေလည်စာ မနက်စာတွေ တစ်ယောက်တည်းစားတတ်နေပြီ
သူမပါပဲ ခရီးတွေသွားတတ်နေပြီ
အားလုံးအဆင်ပြေသွားခဲ့ပြီ
တိုက်ဆိုင်မှုတွေရှိလာခဲ့ရင် နည်းနည်းလောက်လွမ်းမိရုံလေးပါ *မဟုတ်ဘူး ကျွန်တော်လိမ်နေတာ*
........................................................
Saint နှစ်ရက်သုံးလောက်ရှိပြီ စားသမျှအစား တွေအားလုံးကပေါ့ပျက်ပျက်နှင့်သာ ခံတွင်းမတွေ့လွန်းလို့ကျောင်းစာတွေလည်း စိတ်မပါသည်အထိ
တစ်ရက် အပြင်းအထန်နေမကောင်းဖြစ်တော့ Lamn က ဆရာဝန်ခေါ်ပေးပြီး စစ်ပေးသည်။ဒါပေမဲ့ သူမပါးစပ်က နေလို့မကောင်းလို့လား ဖျားနေတာလား အဆင်ပြေရဲ့လားတစ်ခွန်းမှ မတွေးခဲ့ပါ
"ကောင်လေးမှာ......ကိုယ်ဝန်ရှိနေတယ်"
"ရှင်.....ကိုယ်ဝန်ရှိနေတာ.....အမလေး ဟုတ် ကျေးဇူးပါနော် ဆရာ"
သူမက တံတွေးအသာမြိုချပြီး
အလွန်စိတ်ပျက်ဟန်နဲ့ သူမကျွန်တော့်ဆီ အပြေးတစ်ပိုင်းပြေးလာခဲ့သည်။"နင်ကယောက်ျားရောဟုတ်ရဲ့လား
ယောက်ျားလေးက ကိုယ်ဝန်ရှိဆရာ အို.....စိတ်ပျက်စရာပဲ"သူမဖြစ်ပျက်နေသည့်ပုံကိုကြည့်ပြီး ကျွန်တော် သက်ပြင်းချမိပြန်သည်
"Lamn ကိုယ်တို့လမ်းခွဲကြတာပေါ့"
"နင်မပြောရင်တောင် ငါကပြောတော့မလို့ ဘယ်လိုတွေတောင်စိတ်ပျက်စရာကောင်းရတာလဲ"
ဖျော့တော့ပြီး နေမကောင်းအရမ်းဖြစ်နေပေမဲ့လည်း Saint တစ်ယောက် အထုတ်အပိုးတွေသယ်ကာ ထွက်လာခဲ့ရသည်။သူ
ဘယ်ကိုသွားရမလဲ Paw တို့ဆီကိုပြန်ရမလား ဦးဆီကိုလား ဒါမှမဟုတ် သူတစ်ယောက်တည်းအခြားနေရာလေးတစ်ခုခုမှာ အပြစ်ခံယူရမလား ကျွန်တော် နောင်တရတဲ့ အချိန်ကသိပ်နောက်ကျသွားခဲ့ပြီထင်တယ်လှေကား အဆင်းလေးမှာ အထုတ်အပိုးတွေသယ်ကာ မတ်တပ်ရပ်ပြီး စဉ်းစားနေတဲ့ Saint ကို အမြဲလိုလို စောင့်ကြည့်နေရတဲ့ Pond ကမြင်ပြီး အပြေးလာမိသည်။
YOU ARE READING
ချွဲစိန် ရစ်လုံး{ Z&U}(Complete)
Fanfiction"ကလေး ဆိုလည်းချစ်မှာပဲ ကလေးရစ်လဲခံမှာပဲ ကလေး ဘယ်လိုနေနေချစ်မှာပဲ" "ဦးက ကလေး ရစ်တယ်ပြောချင်တာလား ကလေး ကဆိုးတယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့" 🖤PerthSaint♥