💙

2.2K 238 37
                                    

<Unicode>
ကောင်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းက
အဖြူရောင် လေးပဲဖြစ်ရတော့မှာလား?
အပြာရောင်လေးရော ဖြစ်ခွင့်မရှိဘူးလား.....
                          ••••••••
လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေက
ဟိုဒီပြေးလွှားရင်း မှော်ဆန်တဲ့ အနုပညာတစ်ခုကိုဖန်တီးနေတယ်။တည်ငြိမ်နေတဲ့ မျက်ဝန်လှလှလေးတွေက ရှေ့က ဖန်တီးမှုလေးပေါ်တွင်သာ။ဘေးတိုက်အနေအထားမှာ မြင်နေရတဲ့ နှာခေါင်းလုံးလေးနဲ့ ပါး​ဖောင်းဖောင်းလေးတွေက အသည်းယားဖွယ်။ စေ့ပိတ်ထားတဲ့ နှုတ်ခမ်းဖူးဖူးလေးနဲ့ တည်ငြိမ်အေးဆေးတဲ့ မျက်နှာလေးက မြင်ရသူကို အေးချမ်းစေတယ်။  ဖြူဖြူ နုနုအေးစက်စက်မျက်နှာပေးလေးနဲ့ ဒီကောင်လေးက အေးချမ်းလှတဲ့အပြာရောင်လေးလို။ ကောင်လေးနာမည်က ဝမ်ရိပေါ်တဲ့။ ရှောင်ကျန့်သိပ်ချစ်ရတဲ့ အပြာရောင်လေးပေါ့။

"ကိုကို... ပြီးပြီ အဆင်ပြေလား"
"ဝိုး....ကိုယ့်ကလေးက ပိုတိုးတက်လာတာပဲ"

ပြီးဆုံးသွားတဲ့ပန်းချီကားလေးကိုပြပြီး သူ့အဖြေကိုမျက်ဝန်းတောက်တောက်လေးတွေနဲ့မျှော်လင့်နေတဲ့ ကောင်လေးက သူ့စိတ်တွေကိုအပြာရောင်သန်းစေတယ်။
ခေါင်းလေးကိုပုတ်ပြီးချီးကျူးတဲ့အခါ ခေါင်းလေးပုဝင်လို့ ပြုံးနေတဲ့ ကောင်လေးကို ရှောင်ကျန့်အသည်းတွေယားလိုက်တာ။

"ရိပေါ် ကိုယ့်ဆီ လာပါအုံး"

ပုံဆွဲပြီးသွားလို့ ပစ္စည်းတွေပြန်သိမ်းနေတဲ့ သူလေးကို လက်နှစ်ဖက်ဖြန့်ကားလို့ ခေါ်လိုက်တော့ ပြုံးရင်း သူ့ရင်ခွင်ထဲကို ခိုဝင်လာတယ်။ ကိုယ်လုံးသေးသေးလေးကို ခပ်တင်းတင်းဖက်လို့ ဆံနွယ်အိအိလေးတွေကိုနမ်းရှိုက်လိုက်တယ်။ မို့တက်လာတဲ့ပါးဖောင်းလေးတွေကို မြင်မိပြန်တော့ မနေနိုင်ပဲ ကျူးကျော်မိပြန်ရော။ တစ်ခစ်ခစ်အသံလေးတွေထွက်လာတဲ့ နှုတ်ခမ်းလေးကိုလည်း လောဘတစ်ကြီး သိမ်းပိုက်မိပြန်တယ်။ တစ်ကယ်ပါ ဒီကောင်လေးနဲ့ဆို ရှောင်ကျန့်ရဲ့ စိတ်တွေဟာ အပြာရောင်ကို ကူးပြောင်းသွားရတယ်။

"ရိပေါ်"
"အင်း...ကိုကို"
"အပြာရောင်ကို အရမ်းကြိုက်တာပဲလား"
"အွန်း...ကြိုက်တယ်"

The Blue DreamWhere stories live. Discover now