Zawgyi
ရိပေါ်နောက်နေ့မနက်ရောက်တာနဲ့ ဆေးရုံကဆင်းပြီး နန်းတော်ကိုပြန်ခဲ့တယ်။
နန်းတော်ကိုရောက်တော့ သူရှင်းရမယ့်ကိစ္စတွေတစ်ပုံကြီးကရိပေါ်ကို စောင့်ကြိုနေတယ်။
ရိပေါ်နဲ့ရှောင်းကျန့်လက်ထပ်မယ့်ကိစ္စကိုပြည်သူတွေလည်း သိသွားကြပြီ လက်ထပ်ခါနီး တစ်လလောက်အလိုကျမှပြည်သူတွေကိုထုတ်ပြောမယ်လို့ စဉ်းစားထားပေမယ့် မနေ့တုန်းကကိစ္စကပြည်သူတွေရှိပြန့်သွားလို့ သတင်းကိုတားလို့မရတဲ့အခြေအနေရောက်သွားတယ်။ရိပေါ် ရန်ချူလင်းကိစ္စကိုအရင်ရှင်းဖို့ သူ့ကိုဖမ်းဆီးထားတဲ့အခန်းကိုရှောင်းကျန့်နဲ့အတူတူသွားလိုက်တယ်။
ဟိုရောက်တော့အဲ့အခန်းမှာ ချူလင်းမိဘတွေရယ် မယ်မယ်ရယ်ကရောက်နေပြီ ရိပေါ်နဲ့ ရှောင်းကျန့်အခန်းထဲဝင်လာတော့ ဝန်ကြီးရန်ကထိုင်နေရာကနေ ချက်ချင်းထလာပြီး ရိပေါ်ရှေ့ကိုဒူးထောက်လိုက်တယ်။"အိမ်ရှေ့စံမင်းသားလေး ကျွန်တော့်သမီးကိုခွင့်လွှတ်ပေးပါ ကျွန်တော့်သမီးက သေလောက်တဲ့အပြစ်ကျူးလွန်ခဲ့မိတာကို သိပေမယ့် ကျွန်တော့်သမီးကိုခွင့်လွှတ်ပေးပါ''
"ထပါ ဦးလေးရန်''
ရိပေါ်ကဝန်ကြီးရန်ကိုထဖို့ပြောပေမဲ့ ဝန်ကြီးရန်က အဲ့စကားကိုဘဲထပ်တလဲလဲပြောပြီး ရိပေါ်ကိုတောင်းပန်နေတယ်။
တကယ်တမ်းဆို အိမ်ရှေ့စံမင်းသားကိုဆေးခပ်ပြီးအပိုင်ကြံတာနဲ့တင် ရိပေါ်က ရန်ချူလင်းကိုသေဒဏ်ပေးလို့ရတယ်။
ဒါပေမဲ့သူ့ရှေ့မှာ ဒူးထောက်ပြီးချူလင်းကိုခွင့်လွှတ်ပေးဖို့တောင်းပန်နေတဲ့လူက ရိပေါ်ကိုအပြည့်အဝထောက်ခံပေးပြီး သူ့တို့မိသားစုပေါ်သစ္စာရှိတဲ့သူ။
ရိပေါ်လည်း မနေနိုင်တော့တာနဲ့ ဝန်ကြီးရန်ကို လက်မောင်းကနေဆွဲထူပြီး ထခိုင်းလိုက်တယ်။"ဦးလေးရန်ထပြီး စကားပြောပါ ဦးလေး ဒီလိုဒူးထောက်ယုံနဲ့ချူလင်းရဲ့ အပြစ်ကခွင့်လွှတ်လို့မရဘူးဆိုတာသိတယ်မလား ဦးလေး''
ဝန်ကြီးရန်လည်း သူ့သမီးရဲ့အပြစ်တွေကိုသိတာကြောင့် ဘာမှထပ်မပြောတော့ဘဲ ဒူးထောက်ရာကနေထလိုက်တယ်။
KAMU SEDANG MEMBACA
ချစ်ရသူမင်းသားလေး / ချစ်ရသူမင်းသားလေး (Completed )
Fiksi PenggemarYizhan💕 (Zawgyi/ Unicode)