(Unicode)
"ဆော့ကီ....ရောက်တာကြာနေပြီလား....
ကျွန်တော် နောက်ကျသွားတယ်...."သူ့ထက်အနည်းငယ်ကြီးပေမဲ့ ဆော့ကီလို့ ခေါ်ရတာကို သူအင်မတန်သဘောကျပါသည်........
"Arrnee....မကြာသေးပါဘူး...taehyungရယ်...."
ဒီလိုနဲ့ ပြိုင်ပွဲစည်းမျဉ်းအတိုင်း taehyungနဲ့ espérerတို့ လက်တွဲဖြစ်ခဲ့ကြသည်....
လောင်းကြေးစားကြေး ပြိုင်ပွဲလေးကနေ ချစ်သူအဖြစ် ၃လတာမျှ လက်တွဲခဲ့ကြရာမှ espérer အပေါ် ထားရှိသည့် Taehyung၏ ခံစားချက်များသည် ပို၍ လေးနက်လာခဲ့ပါသည်...."Aigoo....ဆော့ကီအနံ့လေးက မွှေးလိုက်တာ...."
လက်နဲ့ သူ့ကိုယ်ကို သိမ်းကြုံးဖက်ရင်း ခေါင်းကို မွှေးလိုက်တာမို့ hoseokပြုံးမိလိုက်သည်...Hoseok...
အင်း..သူ့ကိုရီးယားနာမည်က Jung Hoseok....
အလုပ်သဘောအရ သာ Espérer လို့ပြောင်းခဲ့ရတာ.."ဘယ်လိုလဲ ဒီနေ့ training ဆင်းရတာ အဆင်ပြေရဲ့လား......"
ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူမေးလိုက်တော့ Taehyungက ဦးထုပ်ကို ဆွဲချွတ်ရင်း ခေါင်းငြိမ့်ပြသည်....
"ပြေပါတယ်...နောက် ၆လလောက်ကျရင် ကျွန်တော့်ကို announceလုပ်မယ်ပြောတယ်..."
"ကောင်းလိုက်တာ....Hyungရဲ့ ယောင်းငယ်လေးက Idolကြီးဖြစ်လာတော့မှာပေါ့.....Hyungမင်းပွဲတိုင်းကို လာမှာစိတ်ချ......."
အညိုရောင်ဆံနွယ်ကောက်ကောက်လေးတွေကို ဆွဲဖွရင်း ပြောလိုက်တော့ ယောင်းငယ်ကား အပြုံးမမည်သော အပြုံးကိုပြုံးလာ၏....
"ဒါမဲ့ ဆော့ကီနဲ့ ကျတော့....."
"Hyungတို့၃လပြည့်တော့မယ်လေ......"
ယောင်းငယ်၏ မျက်ဝန်းထဲမှာ မယုံကြည်နိုင်ခြင်းတို့ ဖြတ်ပြေးသွားသည်.........တကယ်ပဲ တွဲလာတာ ၂လ ကျော်ကျော်ရှိလာတာတောင် hyungဘက်က သူ့အပေါ်ကို တာဝန်ဝတ္တရားအရ မပိုခဲ့ဘူးလား.....
"အာ..Meeyarn....hyungစကားမှားသွားတယ်......"
ယောင်းငယ်က နာနာကျင်ကျင်ပြုံး၏.....
တကယ်တမ်း ထိုကောင်လေး၏ နွေးထွေးမှုတွေကို သူ မနှစ်ခြိုက်သည်မဟုတ်....နှစ်ခြိုက်ပါ၏....မိဘမဲ့ တစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့ရတာမို့ မရရှိခဲ့သည့် နွေးထွေးမှုတွေ၊ ဆုံးရှုံးခဲ့သည့်အပြုံးတွေ၊ ပျောက်ကွယ်ခဲ့သည့် ပျော်ရွှင်မှုတွေက ထိုကောင်လေးနဲ့ကျမှ ပြန်လည်ဖြစ်တည်ခဲ့တာ......သို့ပေသိ ကောင်လေးက တက်လမ်းတွေအများကြီးရှိနေသည့်သူလေ.....သူက ကောင်လေးရဲ့တက်လမ်းမှာ အဟန့်အတားတစ်ခုဖြစ်လာမှာမလိုလား......
YOU ARE READING
Falseness ||COMPLETED||
Fanfictionကိုယ်တို့နှစ်ယောက်ပေါင်းစည်းမိခြင်းက အမှားတစ်ခုဆိုရင်...... ကိုယ်တို့နှစ်ယောက်ပေါင်းစည်းမိခြင်းက အမှားတစ်ခုဆိုရင်...... BD Present for Sung_ParkRenJun 📆Start - 12.5.2020 📆End - 28.5.2020