ဦး ခွင့်လွှတ်တဲ့အထိ ဦးဘေးမှာ တွယ်ကပ်နေဦးမှာ
ဦးနှင်ရင်တောင် ဒူးထောက်ပြီးကပ်တွယ်နေဦးမှာ
ဦးလက်ခံလာအောင် ကြိုးစားနေဦးမှာ ဦးကျွန်တော့်ကိုလျှော့မတွက်ပါနဲ့
................................................,...
ငိုပြီး အိပ်ပျော်တတ်တဲ့ အကျင့်...... အဲ့အကျင့်က အရမ်းကောင်းတယ် ဘာမှထပ်မတွေိးူတော့ဘူး
မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် မနက်မိုးလင်းနေတာကြောင့် ကိုယ့်ကို ကိုယ်တောင် မယုံနိုင်ခဲ့ ဘယ်လက်မှာ drip တန်းလန်းနဲ့ ဘေးဘီဝဲ ကြည့်တော့ ဦးအိမ်ကိုပြန်ရောက်နေတာလား
"Saint မင်းတစ်ကိုယ်လုံးကို ပြန်ကြည့်ဦး ဒဏ်ရာဒဏ်ချက်တွေနဲ့ ဟင်း.....မဖြစ်ဘူး ငါ nurse ခေါ်မှဖြစ်တော့မယ် ဆေးတွေလည်းပုံမှန်မသောက်ဘူး"
Phi Kao ကို ဆူတော့ ငြိမ်ခံနေရုံမှတစ်ပါး ကိုယ်တိုင်ကလည်း ဆေးမပြောနဲ့ ထမင်းတောင်ပုံမှန်အစားဖြစ်
"သူက လူတောင်မဖြစ်သေးတဲ့ ကလေးကိုသေစေချင်နေတာလေဒီမှာ Saint မင်းဘာသာမင်းဘာတွေပဲ ဖြစ်ချင်နေနေ ကလေး အပြင်ကိုရောက်မလာသေးသရွေ့  သေလို့မဖြစ်သေးဘူး"
ဘယ်လက်က drip ချိတ်ထားတာကြောင့် ညာဘက်ကို အားနဲ့ဆုပ်ကိုင်ပြီး ဒေါသတကြီးဖြစ်နေတဲ့ ဦးကို ကြည့်ပြီး မျက်ရည်တွေက စီးကျလာပြန်ပြီ
"ငါ့ကလေး တစ်ခုခု ထိခိုက်မိတာနဲ့ မင်းကို အရှင်မထားဘူးနော် Saint..."
အားနဲ့ ပိုပြီးဖျစ်ညစ်နေတဲ့ ဦးရဲ့လက်တွေကြောင့် ကျွန်တော်နာကျင်လာသည်မို့
"ဦး....ဟင့်...အင့်...ကျွန်တော့် လက်နာနေပြီ.... အင့်...."
လက်ကို စောင့်ချလိုက်ပြီး ဦးကထပ်ပြီးဆိုလာပြန်သည်။
"ကလေး မွေးပြီးလို့ ထွက်သွားချင်တယ်ဆိုလဲ ငါကမင်းကို မတားဘူးတစ်နှစ်ပဲ ဒီတစ်နှစ်လေး ပဲ....."
ကျွန်တော့်ကို ကျောခိုင်းကာ လက်ညိုးတစ်ချောင်းထောင်ရင်း ထွက်သွားတဲ့ဦး
Phi Kao ကပါ ဦးနောက်လိုက်သွားပြီး
ဂျိန်းကနည်း ပိတ်သွားတဲ့ တံခါးသံ
ESTÁS LEYENDO
ချွဲစိန် ရစ်လုံး{ Z&U}(Complete)
Fanfic"ကလေး ဆိုလည်းချစ်မှာပဲ ကလေးရစ်လဲခံမှာပဲ ကလေး ဘယ်လိုနေနေချစ်မှာပဲ" "ဦးက ကလေး ရစ်တယ်ပြောချင်တာလား ကလေး ကဆိုးတယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့" 🖤PerthSaint♥