(Unicode)
"Haruko...အိပ်မက်ဆိုးမက်ပြန်ပြီလား''
"ကျွန်တော့်အခန်းထဲအမေရောက်နေတာကြာပြီလား''
"အင်းပေါ့။ သားအိပ်မက်ဆိုးတွေမက်တာ ဆေးရုံသွားဖို့ကောလိုသေးလား။ ငယ်ငယ်ကလည်းမက်တယ်။ အခုအသက်ကြီးမှထပ်မက်တာလား''
"မသိပါဘူးအမေရယ်...တစ်ခါနိုးလာပြီးရင်တစ်ခုခုပျောက်ဆုံးသွားသလိုခံစားချက်ကြီးနဲ့ ဝမ်းနည်းတယ်''
" ရေသောက်လိုက်ဦး။ ပြီးရင်သားစာသင်ဖို့သွားရတော့မှာမလား''
ကျွန်တော့်နာမည်ကတော့ Takahashi Haruko လို့ခေါ်ပါတယ်။ Takahashi မျိုးရိုးကနေ ဆင်းသက်လာတဲ့ နွေဦးမှာမွေးလို့ Haruko လို့ ချစ်စနိုးနာမည်ပေးထားတဲ့ကောင်လေးပေါ့။
ကျွန်တော်သိတတ်စအရွယ်လောက်မှာပဲအိပ်မက်တွေမက်တယ်။ 18ရာစုလောက်ကအဝတ်အစားတွေနဲ့ ကျွန်တော်ရယ် ပြီးတော့စစ်ပွဲတွေရယ်။ အခုနောက်ပိုင်းမှာပိုပိုဆိုးလာခဲ့တယ်။ ဇာတ်လမ်းတွဲတစ်ခုကိုကြည့်သလိုကြည့်နေရတဲ့ အိပ်မက်တွေမှာ တစ်ခုနဲ့တစ်ခုဆက်စပ်ကြည့်ရင်း တစ်ခုလုံးဖြစ်လာအောင် ကြိုးစားပုံဖော်ရတဲ့အခါကျွန်တော်ပင်ပန်းတယ်။ တစ်ခါတလေ ထပ်တူညီတဲ့အိပ်မက်တွေကိုပဲ ခဏခဏမက်ပြီး အိပ်မက်ထဲကအဆုံးသတ်ရောက်ခါနီးရင် ကျွန်တော့လန့်ပြီးနိုးလာနေကျဖြစ်တယ်။
အိပ်မက်ထဲမှာကျွန်တော့်မှာသိပ်ချစ်ရတဲ့သူရှိတယ်။ အားလုံးကိုဆန့်ကျင်ပြီး ကာကွယ်ပေးရတဲ့သူမျိုး။ အဲ့ဒီစိတ်နဲ့ပဲ Dateရုံနဲ့တင်ရှေ့ဆက်မတိုးဖြစ်ခဲ့လို့ ဝေးခဲ့ရတဲ့ကောင်မလေးတွေလည်း အများကြီးဖြစ်နေပြီပဲ။ အိပ်မက်ထဲကလူက အပြင်လောက ကလူတွေထက် ကျွန်တော့်အပေါ်လွှမ်းမိုးမှုပေးနိုင်ခဲ့တယ်။ သူ့အသံ သူ့စကားအချို့ကိုမှတ်မိနေပေမယ့် မျက်နှာကိုတော့ ကျွန်တော် စဥ်းစားလို့မရခဲ့ဘူး။
"Takahashi san''
"သား သူငယ်ချင်းရောက်နေပြီနော် မြန်မြန်လုပ်တော့''
Ito Jun ပဲဖြစ်မှာပါ။ ကျွန်တော့်မှာ သူငယ်ချင်းအများကြီးရှိပေမယ့် Ito ကတော့ အလယ်တန်းကျောင်းထဲကခင်ရတဲ့ ကျွန်တော့်အကြောင်းအများကြီးသိတဲ့သူငယ်ချင်းလို့ပြောလို့ရတယ်လေ။
YOU ARE READING
Wait For Me Until I Return
Romance(Unicode & Zawgyi) ငါထွက်သွားရတော့မယ်လို့ပြောမယ့်အစား ငါပြန်လာတဲ့အထိစောင့်နေပေးပါလို့ ပြောလို့မရဘူးလား။ ငါလည်းမင်းကိုချစ်ပါတယ်။ ဒီဇာတ်လမ်းလေးရေးဖို့အရှိန်ယူနေတာတော်တော်ကြာပါပြီ။ Manga လေးတစ်ခုပေါ်အခြေခံပြီး Japan နဲ့ Myanmar ကောင်လေးနှစ်ယောက်ရဲ့ချစ်...