ကလေး ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မို့ မနှိုးတော့ဘဲ နဖူးလေးကိုသာ ဖပ်ဖွဖွလေးနမ်းပြီး ရေချိုးပြင်ဆင်ကာ ရုံးကိုထွက်လာခဲ့သည်။အရေးကြီး Meeting ရှိတာမို့ လာရတာ ကလေးအနားကခွာချင်တာမဟုတ်ဘူး
ရုံးကိုရောက်တော့ မနက် ၈ နာရီဝန်းကျင်ပဲ ရှိသေးတာမို့ company က canteen ကို ဆင်းလာပြီး ကော်ဖီလေးတစ်ခွက်ထိုင်သောက်နေသည်။စာရင်းတွေ အေးအေးဆေးဆေးလေးပဲလုပ်ရင်း အတွင်းရေးမှူးကဖုန်းဆက်လှမ်းပြီး ဧည့်သည်ဆိုလို့ canteen ကိုပဲ လာရန်ပြောလိုက်သည်။အမျိုးသမီးတစ်ယောက်ပါ သူ့ကိုတွေ့လိုက်တာနဲ့ ကျွန်တော်သောက်နေသည့်ကော်ဖီခွက်သည် လက်ထဲမှာ တန်းလန်းပင် သူမဘာလို့များ ကျွန်တော့်ဆီကို ထပ်ရောက်လာရပြန်ပြီလဲ"ကောင်လေး တို့ကကောင်လေး ဆီမှာ အလုပ်ဝင်ချင်ရုံပါပဲဟာ ဘာလို့သွေးပျက်နေရတာလဲ"
Perth ကြောက်ရွံ့နေတာက တစ်ချိန်က အဆက်ဟောင်းဖြစ်နေတာကြောင့် ကလေးကိုလိမ်ထားမိတဲ့ အကြောင်းအရာတစ်ခု ကဒီအချိန်မှာပြန်ပေါ်လာမှာကို သူအကြောက်ဆုံးပဲ
"မဖြစ်ဘူး Ivy ခင်ဗျားတကယ်လို့အဆင်ပြေမယ်ဆိုရင် တခြားအလုပ်ကျွန်တော် ပြောင်းးပေးမယ် ပြီးတော့ခင်ဗျား........ ခင်ဗျား ကျွန်တော် တို့ ရဲ့အရင်ကဇာတ်လမ်းတွေကို ပြန်ပြီးမစပါနဲ့ကျွန်တော် လည်း အိမ်ထောင်နဲ့ ဖြစ်နေပါပြီ"
Ivyက Perth ရဲ့တုန်လှုပ်မှုတိုင်းကိုကြည့်နေပြီး သူမကမပြောင်းလဲသောအပြုံးတစ်ခုကို ထပ်မံပြုံးပြန်သည်။
"ကောင်လေး ကလည်းဟာ တို့ မပြောပါဘူး ဒါပေမဲ့တို့က အခုမှ ထိုင်းကိုရောက်တာလေ တခြားသူဆီမှာ သွားပြီးလုပ်မဲ့အစားကောင်လေး နဲ့ဆိုပိုအဆင်ပြေမလားလို့"
Perth ထိုင်နေရာ ခုံဘက်သို့ ကူးပြီးသူမက ဘေးကပ်လာထိုင်ခဲ့သည်။ပြီးတော့ Perth ရဲ့လက်ခုံအပေါ် သူမလက်အုပ်မိုးလိုက်တာကြောင့် Perth ချက်ချင်းရုံးလိုက်သည်။
"Ok ok ခင်ဗျား Pam နဲ့ စကားပြောလိုက်တော့ ကျွန်တော် အစည်းအဝေးရှိသေးလို့ ပြန်တော့မယ်"
ကလေး ဖုန်းဆက်လာတာကြောင့် သူမရှေ့မှာ ကလေးကို စကားပြောဖို့လိပ်ပြာမလုံလို့
ESTÁS LEYENDO
ချွဲစိန် ရစ်လုံး{ Z&U}(Complete)
Fanfic"ကလေး ဆိုလည်းချစ်မှာပဲ ကလေးရစ်လဲခံမှာပဲ ကလေး ဘယ်လိုနေနေချစ်မှာပဲ" "ဦးက ကလေး ရစ်တယ်ပြောချင်တာလား ကလေး ကဆိုးတယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့" 🖤PerthSaint♥