ရိပေါ်အသက်၅နှစ်မှာ ယုန်နီကလေးနဲ့စတွေ့တယ်...
မူလတန်းကျောင်းဆင်းပြီဖြစ်လို့ အိမ်ပြန်ရမယ့်ရိပေါ်ဟာ ဒီနေ့အိမ်ကိုစောပြန်ချင်စိတ်မရှိဘူး။ ဒါကြောင့် အိမ်ကိုပြန်တဲ့လမ်းက ကစားကွင်းလေးမှာ ထိုင်နေဖို့ဆုံးဖြတ်တယ်။ အသက်၅နှစ်အရွယ်ချစ်စဖွယ်ကလေးငယ်လေးရဲ့စကားကို ဒရိုင်ဘာဖြစ်သူကလိုက်နာတယ်။ ချမ်းသာပြီးအရှိန်အဝါကြီးတဲ့မိဘတွေကနေမွေးဖွားပေမဲ့ အလုပ်ကိုပဲသည်းမည်းလုပ်နေကြတဲ့ရိပေါ့်မိဘတွေက ရိပေါ်အပေါ်လုံလောက်တဲ့မေတ္တာကိုမပေးနိုင်ဘူး။ ဒါကြောင့် အေးစက်စက်ခပ်ချေချေလေးဖြစ်နေတတ်တဲ့သူတို့ဝမ်သခင်လေးကို အလုပ်သမားတွေကသနားသလို အချစ်လည်းပိုကြသည်။ ခြေထောက်ဖောင်းဖောင်းတုတ်တုတ်လေးတွေနဲ့ ရိပေါ်မြင်နေကျအနီရောင်ခုံတန်းကလေးဆီကိုသွားတယ်။ ရိပေါ့်အရင်ရောက်နေတဲ့ အနီရောင်လုံးလုံးနဲ့ကောင်လေးက မျက်ရည်တွေကျပြီးတအင့်အင့်ရှိုက်နေတာကိုတွေ့ရတယ်။ ဘယ်သူ့ကိုမှစိတ်ဝင်စားခြင်းမရှိတဲ့ရိပေါ်က အနီရောင်တီးရှပ်ကလေးကိုဒူးလောက်ဘောင်းဘီအနီလေးနဲ့တွဲဝတ်ထားပြီး မွှေးပွဦးထုပ်အနီကလေးနဲ့ကောင်လေးကိုတော့ အထူးတလည်စိတ်ဝင်စားမိတယ်။ ဘယ်သူမှမရှိတဲ့ ဒီကစားကွင်းထဲမှာ ဒီအနီလုံးလေးက ဘာကြောင့်ငိုနေတာလဲလို့ရိပေါ်တွေးလိုက်မိပြီး ထိုကောင်လေးရှေ့တိုးသွားလိုက်သည်။ ရိပေါ်ကောင်လေးရှေ့သွားရပ်တဲ့အခါ တအင်အင့်နဲ့ငိုနေတဲ့အနှီးကောင်လေးက မျက်ရည်တွေနဲ့မော့ကြည့်ရှာတယ်။ ငိုထားသည်ကြောင့်ရဲနေတဲ့ပါးဖောင်းဖောင်းလေးတွေက အင်းချစ်စရာကောင်းတယ်။ ကြောင်တောင်တောင်လေးမော့ကြည့်နေသည့် အနီလုံးလေးကြောင့် ရိပေါ်ကပဲမေးခွန်းတစ်ခုကိုစတင်လိုက်တယ်။"မင်းဘာလို့ငိုနေတာလဲ" ရိပေါ်အမေးနောက်မှာငိုဖို့မေ့နေသယောင်ရှိတဲ့ကောင်လေးက တအင်အင့်နဲ့ပြန်လည်ရှိုက်ငိုလာသည်။
"အင့် ဟင့် ငါအိမ်မပြန်တတ်တော့ဘူးအိမ်ရှေ့မှာဆော့နေတုန်း ပါပီလေးကိုတွေ့တော့ချစ်လို့ အင့် ချစ်လို့ ပါပီလေးကိုလိုက်ဖမ်းတာ အင့် ခုအိမ်မပြန်တတ်တော့ဘူး အီးဟီး" ယုန်သွားကြီးတွေပေါ်တဲ့အထိငိုရင်းပြန်ဖြေရှာသည်။