chapter-3

505 40 2
                                    

Unicode

ကားမောင်းလာတာ 45မိနစ်လောက်ကြာမှ ရေခဲကိုယ်တော်ရဲ့သွားနေကျဆိုတဲ့ဆိုင်ကိုရောက်လာခဲ့တယ် ဘယ်လိုတောင်ဇီဇာကြောင်တဲ့သူမို့လို့ မနက်စာလေးစားဖို့ကို45မိနစ်လောက်ကားမောင်းပြီးလာရတာလဲလို့ကျွန်တော် စဥ်းစားရင်းကားရပ်လိုက်တော့သူက
"Nong ရောမနက်စာမစားသေးဘူးမလား"
လို့မေးတော့ကျွန်တော်လည်း
"ဟုတ်ကဲ့ခင်ဗျ"
လို့ဖြေတော့သူက ကျွန်တော့်ကိုတစ်ချက်ပြုံးပြကာ
ကားပေါ်ကဆင်းပြီး ဆိုင်ထဲကိုလျှောက်သွားတော့
ကျွန်တော်လည်းသူ့နောက်က လိုက်လာခဲ့တယ် ဆိုင်ထဲကို၀င်
လိုက်တာနဲ့ သူ့မျက်နှာချောချောလေးမှာတင်
ကျွန်တော်မြင်ခဲ့ရတဲ့အပြုံးလှလှလေးတွေ ကွယ်ပျောက်သွားခဲ့ပြီး
သူ့ရဲ့နဂိုပုံစံအတိုင်းကို ပြန်မြင်ခဲ့ရတယ်
ဆိုင်ထဲရောက်သွားတော့ manager ဆိုတဲ့သူကထွက်လာပြီး
သူ့နောက်ကပါလာတဲ့ ကျွန်တော့်ကိုပြုံးပြပြီး
"CEO.... မင်္ဂလာပါဗျ အခုတလောမလာတာကြာပြီနော်
ကြိုဆိုပါတယ် နေရာပြင်ပေးထားပါတယ်"လို့ပြောရင်းကျွန်တော်တို့ကိုဆိုင်ရဲ့ VIP Room ဘက်ကိုလမ်းပြပြီး ခေါ်ဆောင်လာခဲ့တယ်
သူတို့စီစဥ် ပေးတဲ့နေရာရောက်တော့ ကျွန်တော့်အရှေ့ကလူကတော့
တစ်လောကလုံးကို သူကပဲကျွေးထားရသလိုမျက်နှာထားနဲ့၀င်ပြီးတော့ ထိုင်နေတယ်ပြီးတော့ကျွန်တော့်ကိုကြည့်ပြီး
"Nongအတွက်ကိုယ် မှာပေးရမလား"
လို့မေးလိုက်တာကြောင့် manager ဆိုတဲ့လူကတော့ အနှီရေခဲလူသားဆီက ထိုစကားမျိုးကြားလိုက်ရလို့တအံ့တသြနဲ့ကျွန်တော့်ကိုပြူးကြည့်နေလေရဲ့ ကျွန်တော်လည်း
"ဟုတ်ကဲ့ခင်ဗျ.......ကျေးဇူးတင်ပါတယ်"
လို့သာပြန်ဖြေလိုက်တယ်
ခနလောက်ကြာတော့ မှာထားတာတွေရောက်လာတယ်....
သူမှာထားတာတွေက seafood နဲ့ပတ်သတ်တာတွေချည်းပဲဗျ...
တကယ်တောာ့ကျွန်တော်က seafood Alageric ရှိတယ်ဗျစားလို့အဆင်မပြေဘူး ကျွန်တော်အစားအစာတွေကိုငေးကြည့်မိနေတော့သူက ကျွန်တော့်ကိုအသံတိုးတိုးလေးနဲ့
"Nong မစားချင်လို့လား.....ကိုယ်မှာထားတာတွေမကြိုက်လို့လားဟင်"
ဆိုပြီးမေးလာတော့ ကျွန်တော်လည်းအားနာစရာကောင်းတယ်သူ့အတွက်အနှောင့်အယှက်ဖြစ်သွားမှာ စိုးရိမ်လို့
"ဟိုလေ.....ဟို......မဟုတ်ပါဘူးဗျ ကျွန်တော်အဆင်ပြေပါတယ် CEO"
လို့ပြန်ဖြေလိုက်တော့ သူက ေခါင်းငြိမ့်ပြီးကျွန်တော့်ကိုပြုံးပြတယ် ပြီးတော့သူကပဲဆက်ပြောလာတယ်
" ကိုယ့်ကို CEO လို့မခေါ်ပါနဲ့လား....ဒီအတိုင်း P' လို့ပဲခေါ်လေ"
တဲ့ ကျွန်တော်က
"မဟုတ်တာဗျ ကျွန်တော် CEO လို့ခေါ်တာကပိုအဆင်ပြေမယ်ထင်တယ်"
ဆိုပြီးဖြေတော့သူက အေးတိအေးစက်အသံနဲ့
"မင်းအဆင်ပြေလည်း ကိုယ်အဆင်မပြေဘူး "
ဆိုပြီးဖြေတာကြောင့်ကျွန်တော်နားမလည်စွာနဲ့ ကြည့်လိုက်တော့သူကတစ်ခုခုကို စဥ်းစားမိသွားသလိုပုံစံနဲ့ ကျွန်တော့ကို
ကြည့်ပြီးက
"Nong ကကိုယ့်ကို အစ်ကိုတစ်ယောက်လိုမျိးသဘောမထားနိုင်လို့လား"
ဆိုပြီးမေးလာတော့
"မဟုတ်ဘူးဗျ CEO ကျွန်တော်ကအဲ့သဘောမျိုးပြောတာမဟုတ်ဘူးဗျ.....CEO လိုလူမျိုးကိုဘယ်သူကအစ်ကိုမတော်ချင်ပဲ
နေမလဲ ဘယ်သူမဆိုအစ်ကိုတော်ချင်မှာပဲလေဗျာ"
လို့ပြောပြီး ပြုံးပြလိုက်တော့အနှီရေခဲတုံးလူသားက
သဘောကျသွားပုံရပြီး
"ဟား......ဟား........ဟား"
ဆိုပြီးထရယ်တော့ ကျွန်တော်လည်းနည်းနည်းကြောင်တောင်တောင်ဖြစ်သွားပြီး ငါပြောတာကမှားနေလို့လားလို့
တွေးရင်း သူနဲ့အတူလိုက်ရယ်လိုက်တော့အနှီလူသားက ကျွန်တော့်ကိုမေးငေါ့ပြပြီး
"ဘာတွေလိုက်ရယ်နေတာလဲ"
လို့မျက်နှာတည်ကြီးနဲ့ မေးလာတော့ကျွန်တော်လည်းလန့်သွားပြီး
"CEO ရယ်လို့လေ"
ဟုပြောပြီး ပန်းကန်ထဲကပုစွန်တစ်ကောင်ကိုခရင်းနဲ့ထိုးပြီးပါးစပ်ထဲ
ထည့်လိုက်ပြီးခေါင်းကိုအောက်ငုံ့ထားမိတယ်...........
"Nong ကိုယ့်ကိုစိတ်ဆိုးသွားတာလား ကိုယ်ကဒီအတိုင်းပဲ
Nong ရယ်တာလေးက ချစ်စရာကောင်းလို့စလိုက်တာပါ
ကိုယ့်ကိုမကြောက်ပါနဲ့ ကိုယ်တောင်းပန်ပါတယ်နော်"
ဆိုပြီးပြောလာလို့ ကျွန်တော်မော့ကြည့်လိုက်တော့ကျွန်တော့်ရှေ့က
မျက်နှာချောချောလေးမှာ စိတ်မကောင်းဖြစ်သွားတဲ့အရိပ်အယောင်တွေမြင်လိုက်ရတာမလို့
"မဟုတ်ပါဘူးဗျ......ကျွန်တော်စိတ်မဆိုးပါဘူး"
လို့ပြန်ဖြေလိုက်တော့မှ သူ့ရဲ့တစ်ခြားသူတွေမမြင်ရတဲ့တစ်ဖက်ခြမ်းကအပြုံးလှလှလေးတွေကို ကျွန်တော်ထပ်မြင်ခဲ့ရတယ်
ကျွန်တော်တို့စားသောက်ပြီးလို့ပြန်လာဖို့ ကားပါကင်ကိုလမ်းလျှောက်လာရင်းနဲ့ ကျွန်တော်သူ့ဆီကအံ့သြစရာကောင်းတဲ့စကားမျိုးကြားခဲ့ရတယ်
"Nong ကအရမ်းချစ်စရာကောင်းတာပဲ" တဲ့
ကျွန်တော်ယောကျာ်းလေးတစ်ယောက် ဆီကဒီလိုမျိုးပထမဆုံးအပြောခံတာမလို့လား မသိဘူးကျွန်တော့်ရင်တွေကတစ်ဒုန်းဒုန်းနဲ့
ခုန်နေပြီး မျက်နှာတွေလည်းပူနွေးလာသလိုခံစားရတယ်
ကျွန်တော်ကိိုယ်ကျွန်တော့်လည်း ဘာတွေဖြစ်နေမှန်းမသိတော့ဘူး
ကျွန်တော်ဘာမှ ပြန်မပြောတော့ဘဲကားတံခါးဖွင့်ပြီး
၀င်ထိုင်လိုက်တယ်

Mr.CEO and His Candy🍬🍬Where stories live. Discover now