အပိုင်း (၂) မယုံကြည်ခြင်းရဲ့ ရလဒ်

12 1 0
                                    

"ပန်း----ဧည့်သည်လာတယ်ထင်တယ်---တံခါးဖွင့်ပေးလိုက်ပါအုံး"

ရွှေပန်း အပြင်ထွက်လိုက်သည်။ မှန်ပေသည်။ ခြံဝတွင် ကားတစ်စီး ခေါင်းထိုးရပ်ပြီး သူမကို တွေ့တော့ ဟွန်းတီးတာ ကြောင့် ချက်ချင်းပဲ အိမ်ထဲပြန်ဝင်ပြီး တံခါးဘေးမှ မိန်းကို အောက်ဆွဲချလိုက်တော့ ခြံတံခါးပွင့်သွားပြီဖြစ်သည်။

သူမ အိမ်ရှေ့မှာတင်ရပ်စောင့်နေလိုက်သည်။ စင်ဝင်အောက် ထိုကား ထိုးရပ်လာပြီး ကာူထဲက ပထမဆုံး ဆင်းလာသော ဉီးလေးက သူမကို သေသေချာချာစိုက်ကြည့်ပြီး ပြုံးပြသည်။

"သမီးက ရွှေပန်း ထင်တယ်"

"ဟုတ်ကဲ့ပါရှင့်"

ကားပေါ်ကဆင်းလာတဲ့ နောက်တစ်ယောက်ကြောင့် ပြုံးနေသော မျက်နှာက ချက်ချင်း လငပုတ်ဖမ်းသွားသည်။ ထိုလူကလဲ သူမကို မကြည်တဲ့ အကြည့်နဲ့ ကြည့်နေလေရဲ့. သူတို့နှစ်ယောက်ကို အကဲခက်နေတာက ဉီးခန့်သူရိန်။

"ရောက်လာပြီလား----ပန်း ဧည့်သည်ကို အထဲ ခေါ်လေကွယ်"

"ဟုတ်အန်တီ---"

"ဉီး အထဲ ဝင်ပါ"

လင်းသာခန့်ကိုတော့ ခေါ်ယူနုတ်ဆက်ခြင်းမရှိ။ ဧည့်ခန်းထဲ ရောက်တော့

"ထိုင်ပါအုံး၊ သမီး---ပန်း၊ သစ်သီးဖျော်ရည်နဲ့ ကိတ်လှီးထားတာ ရှိတယ်၊ သွားယူပေးပါအုံး"

"ဟုတ်ကဲ့"

သက်ထားက လင်းသာခန့်ကို လှည့်ကြည့်လိုက်သည်။

"အတော်တောင် အရွယ်ရောက်လာပြီပဲ"

လင်းသာ ခန့် ဒီအန်တီကို မမြင်ဖူးပါ။ အခုလဲ ဖေဖေက ခြေထောက်နာလို့ ကားမမောင်းနိုင်လို့ဆိုပြီး လိုက်ပို့ပေးတာ။ သူ့ကို သိသလို ပြောလာသည်။ ဖေဖေက

"ဟုတ်တယ်၊ နှစ် ၂၀ ရှိပြီလေ"

"သား၊ ဒါက ဖေဖေ့သူငယ်ချင်း----ဒေါ်သက်ထားလို့ခေါ်တယ်၊ "

လင်းသာခန့်ပြုံးပြီးနူတ်ဆက်သည်။

"ဟုတ်ကဲ့ပါ ဗျ၊"

သက်ထားရဲ့

"ပန်း နဲ့ ကော သိကြလား ၊ သူလဲ ရန်ကုန်တက္ကသိုလ်မှာပဲ" ဆိုတော့ ပန်း လဲ ပြန်ရောက်လာသည်။

နှလုံးသားတစ်စုံ အရင်းပြု၍Where stories live. Discover now