Part-7(သတိမမူ)

632 64 6
                                    

For Unicode
သတိမမူ

ယခင်နေ့များတွင် စောစောနိုးတက်သော ကလေးသည် အခုတစ်လောအိပ်ရာထနောက်ကျနေသည်။

သားလေးများဖျားနေတာလား...။ ညဘက်တွေဆိုသူ့အခန်းက တော်တော်နဲ့မီးမမှိတ်တာကိုသတိထားမိတယ်။ ဒီကလေး စာတွေအရမ်းဖတ်နေပြန်ပြီထင်တယ်။ စာဖတ်တာကောင်းပေမဲ့ သူ့ကျန်းမာရေး ထိခိုက်မှာစိုးရိမ်မိတယ်။ နဂိုရောဂါအခံလည်းရှိတော့.. ပိုစိုးရိမ်ရတယ်။

ဤသို့ဖြင့်အတွေးနယ် ကျယ်ပြန့်နေစဉ် ဒေါ်မြတ်ကေသီ၏နောက်ကျောမှ လက်တစ်စုံသွယ်ယှက်လာသည်။

" မေမေ.."

" သားလေး.. အိပ်ရာထနောက်ကျတယ်နော်။ ညဘက်တွေမအိပ်ဘူးလား.. "

" ဟုတ်.. ဟိုလေ.. စာအုပ်ဖတ်‌နေတာ နည်းနည်း ညနက်သွားတယ်.."

" သား.. မေမေ့ပြောစကားနားထောင်နော်။ သားအကြောင်း သားသိတယ်မဟုတ်လား..။ အရမ်းအိပ်ရေးပျက်မခံနဲ့..။ စာဖတ်ချင်ရင် နေ့လယ်တို့မနက်တို့ဖတ်။ ကြားလား.."

" ဟုတ်ကဲ့မေမေ "

အသံချိုချိုလေးနှင့် ကြောင်ပေါက်လေးသဖွယ် ကပ်ချွဲနေသော သားငယ်လေးကို ပို၍အချစ်ပိုရပါသည်။

" အင်း.. လုပ်ချင်တာလေးလုပ်လိုက်.. ပြီးရင်အဲဒီလိုလေးကပ်ချွဲလိုက်... အတော်လည်တဲ့ကလေး "

" အဲဒီကလေးကို မေမေကမချစ်ဘူးလား "

" ချစ်ပါ့တော်.. ချစ်ပါ့ "

" ဟီးဟီး "

ကျွန်တော့်အားအချစ်ပိုသော မေမေသည် ကျွန်တော့်၏ကမ္ဘာ..။ လူတိုင်းသည် တစ်နေ့၌ရှောင်လွှဲ၍မရသောသေခြင်းတရားနှင့် သေချာပေါက် ရင်ဆိုင်ရမည်ဖြစ်သည်။ မိမိလည်းသိပါသည်။ သို့သော် ထိုကမ္ဘာများသာ မိမိကိုထားခဲ့ပြီးထွက်သွားခဲ့လျှင် မိမိရူးသွားမည်ဟုထင်သည်..။ ထို့ကြောင့် မိမိတန်ဖိုးထားရသူများကို မိမိကသာအရင်ထားခဲ့ချင်ပါသည်..။

Amiss Prayer (Zawgyi&Unicode) [Completed]Where stories live. Discover now