>> Unicode <<

3.8K 292 53
                                    

ပျော်ရွှင်ခြင်းကို အမျိုးမျိုး‌သောအရာတွေနဲ့ ညီမျှခြင်းချနေတဲ့ လောကကြီးထဲ ကျွန်တော့်ပျော်ရွှင်ခြင်းလေးဟာ အဝါရောင်ထီးလေးဆီဝယ် ငြိတွယ်နေခဲ့တယ်...

~~~~~~~~~~~~~~~~~~~~~~~~

မိုးရာသီကိုမနှစ်သက်တဲ့ ကျွန်တော်ဟာ ဒီနေ့မှာ မိုးစက်တွေကို ပထမဆုံးအကြိမ်အဖြစ် ကျေးဇူးတင်မိမယ်လို့ ထင်မှတ်မထားခဲ့ဘူး..။

" ထီးမပါဘူးလား ညီ "

ဒီလိုနဲ့ မိုးစက်တွေကိုငေးကြည့်ရင်း စိတ်ပျက်စွာထိုင်နေတဲ့ ကျွန်တော့်ဆီ သူရောက်လာခဲ့တယ်။

လေပြေညင်းလေးတိုက်ခတ်သွားတိုင်း မျောလွင့်လာတဲ့ ကိုယ်သင်းနံ့ဟာ ကျွန်တော့်နှလုံးသားကို ကျီစယ်နေသလားလို့မှတ်ရတယ်။ မိုးစက်တွေ ကိုယ်ပေါ်ကျရောက်မလာဖို့ ထီးလေးအောက်ဝယ် ခန္ဓာကိုယ်ချင်းပူးကပ်ထားရင်းက ကျွန်တော့်ရင်ခုန်သံတွေ ဒီထပ်ပိုကျယ်မလာစေဖို့ ဆုတောင်းနေမိတယ်။

အချစ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြလဲ ကျွန်တော်မသိပါ။ ကျွန်တော်သိလိုက်တဲ့အချိန်မှာတော့ နာမည်လေးကြားလိုက်ရုံနဲ့ ဒီရင်အစုံဟာ ထိန်းချုပ်ဖို့ခက်နေခဲ့ပြီ။

" သူ့နာမည် လင်းထိုက်စံ တဲ့ "

သူငယ်ချင်းတချို့ရဲ့ ကောင်းမှုနဲ့ ကျွန်တော်ချစ်သော ထိုလူသားရဲ့ အမည်ကိုသိခွင့်ရခဲ့တယ်။ သူ့မိတ်ဆွေတချို့ကတော့ သူ့အား " ကိုထိုက် " လို့ တရင်းတနှီးခေါ်တယ်။ သူဟာ ကျွန်တော်နဲ့အတူတူ ဘာသာစကားသင်တန်းတက်နေသူ..။

ကျွန်တော်က...
ကျွန်တော်ကတော့.. သူ့ကို " အကို " လို့ အမြတ်တနိုးခေါ်မယ်။

" ကိုယ်က အဝါရောင်ကြိုက်တယ်.. ညီကရော.. "

ပြုံးလိုက်တိုင်း ချိုင့်ဝင်သွားတတ်တဲ့ ဘယ်ဘက်ပါးပေါ်က ပါးချိုင့်ငယ်အား ငေး‌နေတဲ့ ကျွန်တော့်ကို အကို က ဒီမေးခွန်းကိုမေးတယ်။

အကိုက အဝါရောင်ကြိုက်တယ်..
ကျွန်တော်က.. အင်း.. ကျွန်တော်က အကို့ကိုကြိုက်တယ်..

ဒီလိုဖြေလိုက်ရင် အကို စိတ်ဆိုးမလား.. ဒါမှမဟုတ်..
" ညီ ရာ.. " လို့ ဆိုရင်း ခေါင်းငုံ့ကာ အကို ရယ်လေမလားဆိုတာ ကျွန်တော် သိချင်မိသား။

အကို { One Shot }Where stories live. Discover now