🖤50♥

2.5K 153 10
                                    


ဦးမို့ပြောရက်တာပါ ဦးမို့ပြောရက်လိုက်တာဗျာ

ဦး.....နည်းနည်းလောက် ကျွန်တော့်ဘက်ကိုတွေးကြည့်ပေးသင့်တယ်နော်

ဦးကိုချစ်လွန်းလို့ပါနော်

ကြောက်စရာကောင်းတဲ့ စွတ်ဆွဲမှုတွေထပ်မပြောပါနဲ့တော့

.............................................................

"ထွက်သွားSaint ငါ့မျက်စိရှေ့ကထွက်သွားတော့ မလိုအပ်တော့ဘူး မင်းကို မလိုအပ်တော့လို့ ဖြစ်ချင်တဲ့ကောင်နဲ့ဖြစ်လာတဲ့ ဒီဗိုက်ငါတာဝန်ယူပေးရလောက်တဲ့အထိ နွားအကျမခံနိုင်တော့ဘူး မင်း..........."

သူ့ကို လက်ညိုးထိုးပြီး စိုက်ကြည့်လိုက်တဲ့အချိန်မှာ ဗိုက်လေးကိုကိုင်ပီး ရိုက်ကြီးတငင်ငိုနေတဲ့ကလေးငယ်

ယောင်ကိုင်းနေတဲ့ ခြေဖဝါးမို့မို့လေးတွေကအစ တုန်နေတာ နှုတ်ခမ်းဖောင်းဖောင်တွေအဆုံးထိ

"ဟင့်....ဟင့်...ရွှတ်....ဦး....စကားတွေအတွက်.....ပြန်ရုတ်သိမ်းပေးပါ အာ့.....ဗိုက်အရမ်းနာနေပြီ"

ငိုကြီးချက်မနဲ့ ဗိုက်နာနေပြီအော်လိုက်တဲ့အသံကြောင့်ကျွန်တော်ဘာတစ်ခုမှစဉ်းစားလို့မရတော့ဘူး ချက်ချင်းကလေး ဆီကိုပြေးလာပြီး ဆွဲဖက်လိုက်မိသည်။ကျွန်တော့်နှလုံးသားကလည်းအရမ်းနာနေပြီမို့

"Charm.........."

အော်ခေါ်လိုက်တဲ့ အသံကြောင့် Elena တို့ ထွက်သွားခိုင်းတဲ့နေရာကနေအပြေးရောက်လာပြီး အော်ငိုနေတဲ့Saint နဲ့ ပွေ့ဖက်ထားတဲ့ Perth ဆီအပြေးရောက်လာပြီး

စားပွဲပေါ်ကသူကိုယ်တိုက်ကျိုပေးထားတဲ့နွားနို့ကအနီရောင်ပြောင်းနေတာအကတ်အသတ်လေး

"Hey Perth ဒီ.....ဒီကိုကြည့်စမ်း"

အနီရောင်တွေကသွေးအလားပင် ရှေ့မှာ ထိတ်လန့်နေတဲ့ Elena နဲ့ Ivy ကိုစေ့စေ့ကြည့်ပြီး Perth ဒေါသထွက်ကာပေါက်ကွဲမိလိုက်သည်။

"ဘာလုပ်လိုက်ကြတာလဲ ကျွန်တော့် ကလေးနဲ့ကျွန်တော့် ရင်သွေးလေး တွေကိုဘာလုပ်လိုက်ကြတာလဲ စည်းဖျက်တယ် ခင်ဗျားတို့ကြောင့် ကလေးကို ဖြောင်းဖျရမဲ့အစား ကျွန်တော့်ကိုမုန်းသွားအောင်လုပ်နေတာ "

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now