ဒီနေ့ကပုံမှန်တနင်္လါနေ့တွေထဲကတစ်ရက်ပဲ။ နေ့လည်ပိုင်းမှအတန်းရှိတဲ့ရှောင်းကျန့်က မနက်တစ်ပိုင်းလုံး အဆောင်မှာခွေခေါက်နေ,နေရာက အတန်းတက်ဖို့ထွက်လာတယ်။
ပုံမှန်မဟုတ်တာက အခန်းတံခါးဝမှာရောက်နေတဲ့ ပန်းအိုးသေးသေးလေးတစ်အိုး။
တစ်အိုးလုံး clover တွေနဲ့ပြည့်နေတဲ့ပန်းအိုးလေး။ ပြီးတော့ clover အပင်လေးတွေက အရွက်၃ခုပဲပါတယ်။
နာမည်လည်းမပါတာကြောင့် ပိုင်ရှင်ပေါ်လာတဲ့အထိခဏထိန်းသိမ်းထားဖို့ပဲဆုံးဖြတ်လိုက်တယ်။ ထိုနေ့ကစလို့ ရှောင်းကျန့်တစ်ယောက် နေ့တိုင်းဝရံတာက ပန်းအိုးလေးကို ရေလောင်းရတဲ့ အလုပ်တစ်ခုပိုလာခဲ့တယ်။
🌷🌷🌷
ဒုတိယတစ်ခေါက်က အတန်းဆင်းလို့အဆောင်ပြန်လာတဲ့အချိန် အခန်းတံခါးဝမှာပန်းစည်းတစ်စည်းက ရှောင်းကျန့်ကို ဆီးကြိုနေတယ်။
Postcard မှာသာ ရှောင်းကျန့်နာမည်မရေးထားရင် အခန်းမှားတာဆိုပြီး ကျော်ခွသွားမိမှာ။ ဒါတောင် လူမှားတာလားဆိုပြီး စဥ်းစားနေမိသေးတယ်။
အခန်းဖော်ဝမ်းဟန် နောက်တာလည်း ဖြစ်နိုင်တာပဲဆိုပြီး ပန်းစည်းကိုယူထားလိုက်တယ်။
အခန်းထဲမှာရှိတဲ့ တွေ့ရာခွက်ထဲရေထည့်ပြီး ပန်းစည်းကိုထည့်ထားလိုက်တယ်။ အဖြူရောင်ပန်းတွေ အလယ်ကဝတ်ဆံတွေနှင့် သူ့အနံ့ကြောင့်သာမဟုတ်ရင် နှင်းဆီပန်းလို့ထင်မိမှာ။ နှင်းဆီပန်းလောက်ချိုအီတဲ့အနံ့မဟုတ်ဘဲ အနံ့သင်းသင်းလေးနဲ့ နှင်းဆီပန်းနဲ့တူတဲ့အဖြူရောင်ပန်းစည်းက ရှောင်းကျန့်အတွက် ဘဝမှာပထမဆုံးရဖူးတဲ့ပန်းစည်းပဲ။