#Unicode
အခန်း(၄၇)|ကံကြမ္မာရဲ့ နောက်ဆုံးသော ကျီစယ်မှု
-"အိပ်စက်လိုက်ပါ ကလေး ခဏလေးအိပ်စက်လိုက်ပါ... နိုးထလာတဲ့အချိန်ကျရင် ကိုကိုတို့ လှပတဲ့ ကမ္ဘာအသစ်တစ်ခုလေး ပိုင်ဆိုင်ရတော့မှာမို့...ဒီတဒင်္ဂလေးအတွင်းမှာ အပူပင်ကင်းစွာ အိပ်စက်အနားယူပါ ကိုကို့နှလုံးသားရဲ့ သခင်... ကိုကို့ရဲ့မြတ်နိုးရသူရယ်..."
***
Sina Ent; ကိုလာတဲ့ လမ်းတစ်လျှောက်လုံး ကားပေါ်မှာ ဘာရယ်မဟုတ် Weiboသုံးနေလိုက်တယ်။ News Feed တစ်ခုလုံး ကျွန်တော့်အကြောင်းတွေချည်းပဲ ပြဲပြဲစင်အောင် ပွနေလိုက်တာဆိုတာ..Trending 1 ယူရတဲ့အထိပဲ။
NF မှာတော့ caption အမျိုးမျိုးနဲ့ ပွစာတက်နေတာပါပဲ။ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ ဒါကြောင့် ကျွန်တော် လူ့ပတ်၀န်းကျင်ကို စိတ်ကုန်တာ...ဒါပေမယ့်လည်း ကိုယ့် professional က သူတို့နဲ့ပဲ အများဆုံးဆက်ဆံရတာမလား...ဟူး~~
လူတွေကလည်း အမျိုးမျိုးပါ..တချို့က ကျွန်တော့်ဘက်မှာရပ်တည်ပြီး ကျွန်တော်ဘာဖြစ်ဖြစ် လက်ခံအားပေးမယ်ဆိုပြီး ၀န်းရံကြတဲ့ fan တွေလည်းရှိတယ်။ တချို့ကျတော့လည်း ဘယ်ကတည်းက မျက်မုန်းကျိုးနေမှန်းမသိတဲ့ hater တွေဟာ အခုကိစ္စကိုခုတုံးလုပ်ပြီး တိုက်ခိုက်ချင်တိုင်းတိုက်ခိုက်နေကြတယ်။ Anti fan(hater) နဲ့ ကျွန်တော့်Fanတွေရဲ့ warကလည်း တော်တော်လေး ပွဲကောင်းနေပုံရတယ်။
ကိုကိုက လျှောက်မဖတ်နဲ့ဦးလို့ သတိပေးထားပေမယ့်လည်း အခု comment တွေ၀င်ဖတ်ကြည့်မိတယ်။ သေချာတယ် အရင်စိတ်(လွန်ခဲ့တဲ့လေးနှစ်)နဲ့သာဆို ကျွန်တော် ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်မိလောက်တယ်။ သို့သော်ငြား ဒီတစ်ခေါက်တော့ ကျွန်တော့်ကို ကာကွယ်ပေးတဲ့သူတွေမြင်ရတော့ ဘာရယ်မဟုတ်ပြုံးမိပါသေးတယ်။
chat box ကနေလည်း စာအမျိုးမျိုးနဲ့ စိတ်ဓာတ်ခိုင်မာဖို့ လာပို့ပေးထားကြသေးတယ်။
တစ်ကယ်ပါ၊ မင်းတို့(fan)တွေက ငါ့ရဲ့ ဒုတိယ မိသားစု၀င်တွေပါပဲ။ဒါပေမယ့်လည်း ငါမင်းတို့ကို နှုတ်ဆက်ဖို့အချိန်တန်ပြီထင်တယ်...။
ŞİMDİ OKUDUĞUN
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
Hayran KurguUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...