Chapter 3 💛 (uni)

3.8K 273 2
                                    

အခုတလောအိမ်သိပ်မကပ်ဖြစ်။ဆောင်အကုန် နွေဦးလေးက ခရီးသွားဖို့အကောင်းဆုံအချိန်ပင်။ မေပယ်ရွက်လေးတွေဝေတဲ့ Canadaက Quebecမြို့လေးကလည်း ဆွဲဆောင်မှုအား ပြင်းပုံပေါ်သည့်။ရိပေါ်ဆိုင်မှာကူညီရင်း ညနေမြှပန်တတ်သည်။ အိမ်က အချစ်ငှက်မနှစ်ကောင်ကိုမမြင်ချင်သောကြောင့်ပါပါသည်။ အခုထိမျက်စိထဲကန့်လန့်။ အ‌ပေါ်ကကျန့်ကော ဆိုသည်မှာလည်း ‌ေ‌တွ့သည်နှင့် ကိုက်နေရသည်။ ဘယ်ဘဝက ရေစက်ပါလိမ့် မြင်လိုက်တာနက် ရန်ဖြစ်နေရတာ။

အခုလည်းအိမ်ကိုပြန်ကာ အချိနိပိုင်းသွားဖို့အဝတ်ပြန်ရန်ဖြစ်သည်။ ဒီနေ့အရမ်းပင်ပန်းနေတာကြောင့် ခနလောက်အနားယူရန် စောထွက်ခဲ့သည်။ အိမ်ထဲဝင်လာတော့ အလွန်ထူးဆန်းသည့် အနံ့က နှာခေါင်းထဲ စူးစူးရှရှ ဝင်လာသည်။ အရင်းအမြစ်မှာ မီးဖိုချောင်မြှဖစ်သည်။

မီးဖိုချောင်ကိုဝင်ကြည့်လိုက်တော့ မျက်ဖြူတချက်လှန်သွားမိသည်။ ဟင်းအိုးတခုလုံးတူးနေတာတောင် ခုံပေါ်မှာမှောက်အိပ်နိုင်သောရှောင်ကျန့်ပင်။ ဟင်းချက်ရင်းတောင်အိပ်နိုင်နေသည်တဲ့ ။အံ့ပါ့။ထမင်းစားပွဲမှာခေါင်းချပြီးသေနေလိုက်တာများ ပြောရရင်မကောင်းရှိရောမယ်။
ရိပေါ် အလျှင်အမြန်ပဲမီးပိတ်ကချလိုက်သည်။
နိုးပြီးပိုးစိုးပက်စက်ပြောမည်ဟုတွေးကာ ဘေးမှာဝင်ထိုင်လိုက်သေလည်း ဖြစ်မလာခဲ့။ လှုပ်နိုးဖို့လှမ်းနေတဲ့လက်တစုံက လေထဲတွင်သာရပ်တန့်သွားခဲ့သည်။
အနောက်ဘက်ပြတင်းပေါက်ကနေရောင်ဟာ ထိုလူသားလေးရဲ့ကျောပေါ်ကိုဖြာကျနေသည်။ အတားအဆီးကြောင့်အချို့အလင်းတန်းလေးများက ကျောပေါ်တွင်သာ ကျန်ရစ်ပြီး
ကံကောင်းလှသော အလင်းတန်းအချို့သာ နှဖူးနားကို တစွန်းတစကျရောက် နေသည်။နှုတ်ခမ်းအောက်က မှည့်နက်လေးက ဂုဏ်မှုအပြည့်ဖြင့်တည်ရှိနေသည်။ အားကျတယ်။အဲ့မှည့်နက်လေးကို။ အခုအချိန်ရိပေါ် ခေါင်းထဲတွင်ဗလာ ဖြစ်နေသည်။ တလက်လက်တောက်ပပြီး အေးချမ်းစွာအိပ်ပျော်နေသော
နတ်သားလေးတပါးသာကြီးစိုးနေသည်။
မည်မျှကြာသည်အထိကြည်နေမိမှန်းရိပေါ်မသိတော့ ။ကျန့်ကောရဲ့ ဆွဲဆောင်မှုက အားပျင်းလွန်းတယ် အသက်နှစ်ဆယ်ကျော်ဒီကောင်လေးရိပေါ်က ရုန်းထွက်နိုင်ဖို့ အကြောင်းဖန်မလာဘူး။ အချိန်တွေက ရပ်တန့်နေခဲ့တယ်။
လှုပ်ခတ်လာသောမျက်တောင်ရှည်ရှည်တွေကပဲ အချိန်တွေကိုပြန်လည် စီးဆင်းစေခဲ့သည်။

Yellowish Love (Complete)Donde viven las historias. Descúbrelo ahora