Everything (Zawgyi)

7.8K 270 15
                                    

(သီချင်းနားထောင်ပေးပါ 😽)

မျှော်လင့်ချက်မရှိဘူးဆိုရင်တောင်
မျက်ရည်တွေကျနေရမယ်ဆိုရင်တောင်
မင်းကိုစောင့်နေရတာဟာ
ပျော်ရွှင်မှုတစ်ခုပါ....

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

'ဒေါက်တာ ကျွန်မပြန်ပြီနော်'

ချင်ချင်က အထုပ်တွေဆွဲလို့ ဆေးခန်းတံခါးဝကနေနှုတ်ဆက်တယ်။
အပြင်မှာ မိုးတွေသည်းလို့ပါလား။

'အေး အေး ဂရုလည်းစိုက်ဦး မိုးတွေအရမ်းရွာနေတာ နည်းနည်းစဲမှသွားချင်သွားပါလား'

'အိမ်ကအမေအတွက် ညစာချက်ရဦးမှာမလို့ဒေါက်တာရယ် နောက်ကျလို့မရဘူး'

ဆေးခန်းအကူအဖြစ်ခေါ်ထားတဲ့ ချင်ချင်ဟာ နွမ်းပါးရှာတဲ့အပြင် ကျန်းမာရေးမကောင်းတဲ့ အမေကိုလုပ်ကျွေးနေတဲ့ ကောင်မလေးတစ်ယောက်။ တစ်ခုခုဆို ဖင်ပေါ့တဲ့အပြင် ရိုးလည်းရိုးသားရှာတာမလို့ ရှောင်းကျန့်ရဲ့ဆေးခန်းလေးမှာ ခန့်ထားခဲ့တာ နှစ်ပင်ချို့ခဲ့ပြီ။

'အင်း သတိထားနော် ချင်ချင်'

ဆေးခန်းတံခါးကိုပိတ်ပြီး အိမ်ဘက်အခန်းကူးလို့မီးဖိုချောင်လေးထဲဝင်ပြီးညစာချက်ရန်စဉ်းစားရတော့သည်။
ဆေးခန်းကိုအိမ်နဲ့အခန်းကပ်ရပ်ဖွင့်ထားတာမလို့ ဒီလိုမိုးကြီးလေကြီးနေ့များမှာဆို အတော်လေးအဆင်ပြေလှသည်။
ရေခဲသေတ္တာထဲ ဟိုဟိုဒီဒီ လှန်လှောရှာရင်း တကယ်တမ်းတော့ ဘာမှချက်ပြုတ်ချင်စိတ်မရှိတော့တာကြောင့် cupboard ထဲက ခေါက်ဆွဲခြောက်ဘူးကိုသာထုတ်ရင်း ရေနွေးတည်မိတော့သည်။

အရသာမှုန့်တွေကိုဖောက်နေရင်းက ခေါက်ဆွဲခြောက်ဘူးတွေစားတိုင်း ဆူတတ်တဲ့ကောင်လေးတစ်ယောက်ကို သတိရမိပြန်သည်။

'ကော တစ်နေ့တစ်နေ့ အဲ့တာတွေပဲစားနေ သိပ်မကြာခင် ဆံပင်တွေကျွတ်လို့ ထိပ်ပြောင်တော့မယ်'

သိပ်ချစ်ခဲ့လို့ထင်ပါရဲ့....တိုက်ဆိုင်မှုရှိတိုင်းသတိရသလို
မိုးတွေရွာတိုင်းလည်း လွမ်းဆွတ်မိပြန်တယ်။
မိုးကိုမကြိုက်တဲ့ကောင်လေးတစ်ယောက်တော့ အခုအချိန်မှာ ကော်ဖီခွက်ကြီးပဲကိုင်ပြီး လောကကြီးကို စိတ်ကောက်နေရော့မလား။
အပြင်သွားနေရင်းက ရုတ်တရတ်ရွာချလာတဲ့မိုးကြောင့် ကောင်းကင်ကြီးကိုပဲ မျက်စောင်းထိုးနေမလား။

Stories From MelodiesWhere stories live. Discover now