1

27 3 0
                                    


Unicode*

Beijingမြို့နဲ့အနီးတစ်ဝိုက်နေရာကွက်ကျားမိုးထွက်ချုန်းရွာမည်ဆိုတဲ့ရုပ်မြင်သံကြားကအသံသဲ့သဲ့နဲ့အတူ သစ်ပင်တွေရဲ့ထိပ်ဖျားအကိုင်းစိမ်းလေးဟာ တဖျတ်ဖျတ်နဲ့လူးခါနေတယ်။ လက်ကဆွဲထားတဲ့ကျောပိုးအိတ်ကိုပခုံးပေါ်ပြောင်းလွယ်ပြီး စကိတ်ဘုတ်ကိုအရှိန်နည်းနည်းမြှင့်လိုက်တဲ့အခါ ရေငွေ့တွေသယ်လာတဲ့လေပြင်းကသူ့ဆံပင်တွေကြားကခပ်ကြမ်းကြမ်းဖြတ်သွားတယ်။ မိုးမိပြီးစာအုပ်တွေမီးပြန်မကင်ရဖို့အရေး ခပ်သွက်သွက်နဲ့တစ်လမ်းပြီးတစ်လမ်းဖြတ်ကျော်လာရင်း သူ့အပြုံးတွေကတဖြည်းဖြည်းပိုပီပြင်လာတယ်။ ဒီလိုခံစားချက်မျိုး ဘာကိုမှဂရုစိုက်စရာမလိုပဲအရှေ့ကိုအရှိန်ပြင်းပြင်းနဲ့သွားဖို့လိုတဲ့ခံစားချက်မျိုး မျက်နှာကိုဖြတ်တိုက်သွားတဲ့လေကြမ်းကြမ်းနဲ့အတူ စိတ်ညစ်စရာတွေကိုနောက်မှာချန်ထားခဲ့ရတဲ့ခံစားချက်မျိုး၊ ဘယ်လောက်များသဘောကျစရာကောင်းလိုက်လဲ။ တရွေ့ရွေ့နဲ့ကျန်ခဲ့တဲ့သစ်ပင်ရိပ်တွေက သူ့အတွက်မြင်နေကျ မြင်ကွင်းလိုပေမယ့် ဒီနေ့ကတော့ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ဖြူလွလွပုံရိပ်လေးကြောင့်ပိုပြီးထူးဆန်းနေခဲ့တယ်။

ကားနောက်ဖုံးထဲကမိုးပြာရောင်luggageကိုထုတ်နေတဲ့လက်ခုံလေးမှာသွေးကြောစိမ်းတွေဖြာယှက်နေပြီး အနားစလေးတွေလွင့်နေတဲ့ လည်ပင်းကျယ်ရှပ်အင်္ကျီအောက်မှာညှပ်ရိုးထင်းထင်းလေးလေးတွေကိုအနည်းငယ်လှစ်ဟပြထားတယ်။ လေကြောင့်ရှုပ်ပွနေတဲ့အနက်ရောင်ဆံပင်တွေကြားက မျက်တောင်စင်းစင်းလေးတွေကတကယ်ကိုအသက်ရှူမှားချင်စရာပါပဲ။ သူခဏတာမှင်သက်သွားပြီး သတိလက်လွတ်ငေးကြည့်နေမိခဲ့တယ်။

"မြှောင်းးးးး"

ကြောင်ပေါက်လေးတစ်ကောင်ရဲ့အလန့်တကြားအော်ညည်းသံကြောင့်သူသတိပြန်ဝင်လာတော့မှ စကိတ်ရဲ့ဦးတည်ရာက အဝါရောင်ပုံရိပ်သေးသေးလေးဆီမှန်းသိလိုက်ရတယ်။ သူချက်ချင်းနေရာရွှေ့ဖို့ကြိုးစားလိုက်ပေမယ့် ဟန်ချက်မထိန်းနိုင်ပဲ ခန္ဓာကိုယ်ကလေထဲမြောက်သွားသလိုခံစားလိုက်ရပြီးရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေနဲ့အတူ စာရွက်ပြဲသံအချို့ကိုပါကြားလိုက်ရတယ်။

You've reached the end of published parts.

⏰ Last updated: May 29, 2020 ⏰

Add this story to your Library to get notified about new parts!

The Closed WindowWhere stories live. Discover now