Family Fic Part 6
ရိပေါ် ကိုယ်ဝန်ပျက်ကျပီးတဲ့ နေ့ ကစပီး သူ့ကို ကုပေးခဲ့တဲ့ ဆရာဝန်လေးက ကျွန်တော်တို့နဲ့ အဖွဲ့ကဖသွားသည်။ သူကလည်းတယောင်တည်းဖြစ်နေတာတဲ့။ နံမည်က ဝမ်ကျိုးချန်းတဲ့ အသက်က 20ဘဲရှိသေးတယ်တဲ့။ ဆရာဝန်တော့မဟုတ်သေးပေမယ့် ဆေးကျောင်းတက်နေတာ။ အဲ့လိုနဲ့ ကျတော်တို့ မိသားစုလေးက လေးယောက်ဖြစ်သွားတာ ပေါ့ဗျာ။ရိပေါ်လေးက လဲ ကိုယ်ဝန်မရှိတော့ တော်တော်လေး သွက်လက်ပေါ့ပါး သန်မာလာတယ်။ ရှောင်ကျန့်အတွက် ဝန်ပေါ့သွားတာပေါ့ ။အရင်လို အားယွမ်လေးကိုတယောက်တည်း ချီ ပြေးစရာ မလိုတော့ဘူး ။ကျိုးချန်းနဲ့ ရိပေါ်က တလှည့်စီ ချီကြတယ်။
ဒါပေမယ့် ရှောင်ကျန့်တယောက် အခုနောက်ပိုင်းနေရထိုင်ရ မကောင်းဘူး ။ အရင် က ရှောင်ကျန်းမှာ နှလုံးအားနည်းတဲ့ ရောဂါ အခံ ရှိတယ် ။ ပုံမှန်ဆေးကုသမှုခံယူထားလို့ ဆေးသောက် နဲ့ ပျောက်လုနီးနီး ကောင်း သွားခဲ့တာ ။ အခု ဆေး မသောက်တာလဲ ကြာ ပီး ပင်ပန်းတဲ့ ဒဏ်တွေ စုပီးရောဂါ ပြန် ထချင်နေပုံရတယ်။ ခါတိုင်းထက် ပိုမောနေပီး ရင်ဘတ်က အောင့်အောင့်နေပေမယ့် သူဘာမှ မဖြစ်သလို အားတင်းထားရသည် ။ သူက အကြီးဆုံးလေ အငယ်တွေကို စိတ်မပူစေချင် ။ သူအတွက်နဲ့ လမ်းခရီး နှောင့်နှေးမှာ မလို လား ပေ။
ဒီ အချိန်က တမိနစ်တောင် အရေးကြီးတယ် လေ ။ zone 3 ကို မြန်နိုင် သမျှ မြန်မြန် ရောက်နိုင်မှဝစိတ်ချရမှာ။ ဒါေတာင္ zone 4 ကို ဝင်ရောက်နိုင်ဖို့ နည်းလမ်းရှာရဦးမယ်။ zone 4 ဆိုတာ သူတို့ ကမ္ဘာ ရဲ့ အရေးကြီးဆုံး အဆင်မြင့်ဆုံး နေရာ ဖြစ်တဲ့အတွက် ထိုနေရာကို အချိန်မှီ ရောက်ခဲ့ရင်တောင် ဝင်ရောက် နေထိုင် ခွင့် ရဖို့ ခက်မှာသေချာသည်။
သူတို့ပြေးရင်းလွွှားရင်းနဲ့ zone 2 ရဲ့ အလယ်ပိုင်းဒေသတော့ ရောက်လာခဲ့သည်။ အချိန်ကြာလာတာနဲ့အမျှ ဇီဝဖြစ်စင်ပျက်သုဉ်းမှုက ပိုပို အားပြင်းလာတယ်။ ဆူနာမီ တိုက်စားမှု က ပိုမိုအားပြင် မြန်ဆန်လာပီး အက်ဆစ်မိုးတွေ ရွာသွန်းမှုကလဲ ကြောက်စရာကောင်းအောင် ဆိုးဝါးလာတယ်။
လူ သေဆုံးမှုက ပိုမို မြင့်တက်လာပီး သူတို့ နဲ့ ပြေးလာတဲ့ အုပ်စုတောင် သုံးပုံ တစ်ပုံလောက်သာ အသက်ရှင် ကျန်ရစ်တော့သည်။ ဒီ လိုသာ ဆိုရင် လူမျိုး သုဉ်းပီး ကမ္ဘာကြီး ရဲ့ နောက်ဆုံး အချိန်ရောက်သွားမည်လားမသိ။
YOU ARE READING
Family (Zawgyi+Uni)
Fanfictionစိတ်ကူးယဉ် ကမ္ဘာလေးက ဇာတ်လမ်းတိုလေး စိတ်ကူးယဉ် ကမ္ဘာလေးက ဇာတ်လမ်းတိုလေး