Chapter 4💛 (zawgyi)

2.5K 149 4
                                    


‌ခေါင်းတခုလုံး ကိုက်ခဲပြီးနိုးလာခဲ့သည်။လက်ပေါ်ကလေးလံတဲ့ခံစားမှု ကြောင့်မျက်လုံးဖွင့်ကာတချက်ငုံ့ကြည့်လိုက်သောအခါ
အေးချမ်းစွာအိပ်စက်နေတဲ့ အကောင်ပေါက်လေးကိုမြင်လိုက်ရသည်။ မျက်လုံမှိတ်ထားသောကြောင့် ရှည်လျားသောမျက်တောင်လေးတွေက အထင်းသားတွေ့မြင်နေရသည်။
ကျနော်လက်မောင်က်ုခေါင်းအုံးကာ ရင်ဘက်ပေါ်မျက်နှာအပ်ပြီးအိပ်နေတဲ့ ထိုအကောင်လေး ကကျနော်အချိန်တွေကိုရပ်တန့်အောင်
စေခိုင်းနေပြန်သည်။

နှင်းပွင့်လေးလိုဖြူ စွပ်နေတဲ့မျက်နှာလေးက အလင်းတန်းလေးတွေကြောင့် တောက်ပနေသည်။လေပြေအေးလေးတွေကြောင့် နှာခေါင်းလုံးလုံးလေးက ပန်းနုရောင်သန်းနေသည်။
အူယားလွန်းလို ပြတ်ထွက်‌အောင်ကိုက်ပစ်လိုက်ချင်သည်။အကြည့် တွေ ကိုအောင်နဲနဲပို့လိုက်တော့ နီရဲပြီးဆူထော်နေတဲ့နှုတ်ခမ်းဖူးဖူးလေး ကိုမြင်လိုက်ရသည်။ ဘယ်ရီသီးလေလိုနှုတ်ခမ်းလေးတစုံကို တခဏလောက် တယောက်ထဲအပိုင်ဖြစ်ချင်သည်။

ဘာလိုဒီလောက်များရဲနေရတာလဲဆိုတဲ့အတွေးနဲ့ လက်ကလေးကို နှုတ်ခမ်းသားနုနုလေးပေါ်တင်လိုက်မိသည်။ နှုတ်ခမ်းနီဆိုးထားတာများလား ဒီလောက်ရဲနေရအောင်။လက်ကလေးနဲ့ ပွတ်သပ်ကြည့်မိသည်။နှုးညံ့နေတဲ့ နှုတ်ခမ်းသားလေက အသိစိတ်တွေကိုလွင့်ထွက်သွားဖို့ လုံလောက်နေသည်။

ကိုယ်တောင်မသိလိုက်ပဲ ထိုနှုတ်ခမ်းလေးဆီဦးတည် ချက်ထားပြီးမျက်နှာလေးကတိုးကပ်နေသည်။ တဖြည်းဖြည်းနီးကပ်လာတဲ့မျက်နှာ နှစ်ခုအကွာအဝေးက အနည်းဆုံးအတိုင်းအတာသို့ရောက်နေသည်။ အသက်ပြင်ပြင်းရူကာအိပ်နေသောကောင်လေးရဲ့ လေပူလေးတွေက ကျွန်တော်မျက်နှာကိုရိုက်ခတ်နေတယ်။

ဒုန်း!!!!!!!!

"ဝမ်ရိပေါ်!!နင်အခုထိ.…………"

အကြမ်းပတမ်းတံခါးကိုစောင့်တွန်းကာဝင်လာသော ဝမ်လီမကြောင့် မျက်နှာကိုခွာကာ ထထိုင်မိရက်သားဖြစ်သွားသည်။ ရိပေါ်လည်း ဒုန်းကနဲ အသံကြီးကြောင့်လန့်ဖျက်သွားပြီး ဆက်ကနဲနေအောင်ထထိုင်သည်။မျက်ကလူးဆန်ပြာနှင့် လန့်ပြီးထထိုင်သောကောင်းလေးကြော့ပြုံးမိသည်။

Yellowish Love (Complete)Donde viven las historias. Descúbrelo ahora