[Unicode]
" အဲ့ဒီ့တော့ ရှင် သူ့ကို ရွေးချယ်ခဲ့လား .. "
ဆေးလိပ်နံ့တွေ၊ အရက် ၊ ဘီယာ ၊ ဆေးခြောက်စတဲ့ မူးယစ်ထုံထိုင်းစေတဲ့ ရနံ့တွေ ပြည့်နေတဲ့ ပတ်ဝန်းကျင်က မူးကြွကြွတီးလုံးသံတွေကြောင့် စိတ်ကို အရသာပြည့်စေတယ်၊ အရက်ပြင်းပြင်းနဲ့ ရေခဲ ရောစပ်ထားတဲ့ ဖန်ခွက်ကို အနည်းငယ်လှုပ်ရမ်းလိုက်တဲ့ ဘတ်ဟျွန်းက သူ့မျက်စိရှေ့က ရှိုက်ကြီးဖိုငင် အသွယ်သွယ်နဲ့ လှပနေတဲ့ မိန်းကလေးရဲ့ မေးခွန်းကြောင့် ပြုံးယောင်သန်းသွားတယ်၊
"မင်းချစ်သူရဲ့ မိသားစုကို စိတ်ကြိုက်ရွေးလို့ မရဘူးလေ.. အသစ်ဝယ်လို့ ရနိုင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့ .. "
ရွှတ်နောက်နောက်အပြောကြောင့် ဟက်ခနဲ မူယာပိုပြီး ရယ်မောလိုက်တဲ့ မိန်းကလေးက သူမရဲ့ ရင်ဘတ်အသားစိုင်တွေကို လှစ်ဟပြဟန် ခါးကို အနည်းညွှတ်လိုက်ပြီး ဘတ်ဟျွန်းရဲ့ ခွက်ထဲကို အရက်အနည်းငယ် ဖြည့်ပေးတယ်၊
မျက်စိပဒေသာဖြစ်ရတဲ့ မြင်ကွင်းကြောင့် မျက်ခုံးတစ်ချက်ပင့်လိုက်တဲ့ ဘတ်ဟျွန်းက မျက်စိကို ကြည့်သင့်တဲ့နေရာကနေ အကြည့်မလွှဲပဲ " ကျေးဇူး " လို့ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ဖန်ခွက်ကို မြှောက်ပြတယ်၊ အဲ့ဒီ့အချိန်ကျမှ ရီဝေစွာ ပြုံးတဲ့ မိန်းမပျိုက သူ့ခန္ဓာကိုယ်ကို ပြန်မတ်လိုက်တယ်၊
" ဆိုတော့.. သူ့ကို စွန့်လွှတ်ပြီးတော့ လူဘယ်နှယောက်ကယ်ခဲ့လဲ.."
" အများစုပေါ့.. "
ဒီတစ်ခါ ဘတ်ဟျွန်းရဲ့ အဖြေမှာတော့ မိန်းကလေးက နှုတ်ခမ်းလေးဟလို့ တုန့်ပြန်တယ်၊ ဆေးအကူကြောင့် နီမြန်းနေတဲ့ နှုတ်ခမ်းသားက ယောက်ျားတိုင်းရဲ့ နှလုံးသားကို ခုန်လှုပ်စေမှာ အမှန်ပဲ၊ ဒါပေမဲ့ အဲ့ဒီ့အချင်းအရာကို စိတ်မဝင်စားနေခဲ့တဲ့ ဘတ်ဟျွန်းက ခွက်ကို မော့ချလိုက်တယ်၊ မြူးကြွနေတဲ့ တီးလုံးသံတွေကြားမှာ ရင်အစုံက ပြင်းပြင်းထန်ထန်ပူလောင်လာတာကို သတိထားမိပေမဲ့ အနည်းငယ် အသိစိတ်ဝင်သေးတယ်လို့ ဆိုရမယ်၊
" လူအများစုကို ကယ်နိုင်ခဲ့ရင် ရှင် ပျော်နေသင့်တာပဲ "
" အခု ပျော်နေတယ်လေ.. ဈေးပေါတဲ့အရက်ရယ်.. မင်းရယ်.. ငါ့ရဲ့ အားလပ်ချိန်တွေရယ်.. "
![](https://img.wattpad.com/cover/98135684-288-k202339.jpg)
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...