2

2.3K 196 5
                                    

သူကျောင်းကပြန်ရောက်တိုင်းအမြဲတမ်းမေမေ့
အခန်းထဲဝင်ကြည့်ဖြစ်သည်။ မေမေသည်
အရင်လိုကုတင်ပေါ်တွင်အားနည်းစွာလှဲမနေ
တော့ပဲထူထူထောင်ထောင်လေးဖြစ်လာလေပြီ။
မျက်နှာလေးကတော့ဖျော့တော့ဆဲပင်။
ကုတင်ခေါင်းရင်းကိုမှီကာထိုင်နေသောမေမေ့
နားသို့သွားကာလက်ကလေးအားကိုင်လိုက်လေ
သည်။

"မေမေ သက်သာရဲ့လားဟင်"

"သက်သာပါတယ်သားရယ်...သားရောကျောင်း
မှာအဆင်ပြေရဲ့လား"

"ပြေပါတယ်မေမေရဲ့..မေမေအခုလိုနေပြန်
ကောင်းလာတာသားအရမ်းဝမ်းသာတာပဲ"

အရေးကြောင်းများပေါ်နေသောသူ့အမေလက်
ကိုဆုပ်ကိုင်ကာချွဲနေသောသားဖြစ်သူကိုကြည့်
ပြီးသူမပြုံးမိသည်။

"သား..ဟိုကလေးရောပြန်မလာသေး
ဘူးလား"

Jung Kookအကြောင်းပြောလိုက်တာနဲ့
မျက်နှာခက်ထန်သွားသောသားကိုကြည့်ကာ
သူမစိတ်မောရပါသည်။

"သားရယ်...ဆယ်နှစ်တောင်ရှိသွားပြီလေကွယ်
ဆယ်နှစ်တောင်ကျော်ခဲ့ပြီ သားရဲ့အငြိုးတွေ
အမုန်းတရားတွေကမပျယ်သေးဘူးလား
သားရယ်"

"မပျယ်ဘူးမေမေ..ဆယ်နှစ်မကလို့အနှစ်တစ်ရာ
ကြာသွားလည်းမပျယ်နိုင်ဘူးမေမေ...မေမေ
မေ့သွားပြီလား သူ့ကြောင့်ဖေဖေသေရတာလေ
သူ့ကြောင့်ပဲမေမေဒီလိုဖြစ်နေတာ သားတို့
မိသားစုစိတ်ဆင်းရဲရတာလည်းသူ့ကြောင့်ပဲလေ"

"သူ့ကြောင့်ရယ်လို့တော့ဘယ်ဟုတ်ပါ့မလဲ
သားရယ်..ကံစီမံရာအတိုင်းပဲပေါ့"

"သားကတော့သူ့ကိုအရမ်းမုန်းတယ်မေမေ"

ပြောနေရင်းမျက်ရည်များစီးကျနေသော
သားလေးကိုကြည့်ကာသူမစိတ်မကောင်း။

"သားရယ်...သူ့ကိုထွက်သွားခွင့်ပေးလိုက်ပါတော့
လွတ်လပ်ခွင့်ပေးလိုက်ပါတော့"

သူမလက်ကိုကိုင်ထားသောလက်သေးသေးလေး
ပေါ်သို့ထပ်မိုးအုပ်ကိုင်ကာပြောလိုက်ခြင်း
ဖြစ်သည်။

"မေမေ!!"

သူ့ရဲ့အော်သံကြောင့်မေမေလန့်သွားသည်ကို
သူသိပါသည်။ ဒါပေမဲ့လွတ်လပ်ခွင့်ဆိုတဲ့စကား
ကြောင့်သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့တာ
သူသာအသိဆုံးပါ။

ကျေးကျွန်Where stories live. Discover now