တစ်ယောက်တည်းလာပါ ရဲတွေ လူပိုတွေခေါ်လာရင် Angel လေးရဲ့အသက်အာမ မခံဘူး
မဖြစ်ရဘူး လုံးဝမဖြစ်ရဘူး"ဒီအချိန်မှာ ဦးတို့ငြိမ်ငြိမ်လေးပဲထိုင်နေလိုက်ပါ Lily ရော ဦးရော Phi Title ပါ နေခဲ့ကြပါ"
Aim နဲ့ bunny လေး ကအိပ်ခန်း ထဲမှာ နားနေကြပြီ၊သူတို့ဧည့်ခန်းထဲကို ဝင်နေရာယူကြရင်း အချင်းချင်း ခေါင်းချင်းဆိုင်ပြီး တိုင်ပင်နေကြရသည်။
"ဘာလို့လဲ မင်းတစ်ယောက်တည်းမဖြစ်ဘူးလေ"
"ဖြစ်တယ် သူလိုချင်တဲ့ ပိုက်ဆံပေးလိုက်ရင် သမီးလေး.....သမီးလေးကိုသူတို့ပြန်ပေးမှာ အဲ့ဒါကြောင့် နေခဲ့ကြပါ ကျွန်တော်လုပ်နိုင်တယ်"
"ဒီမှာကြည့် ဘယ်ပြန်ပေးသမားကမှ ပိုက်ဆံရရင်ပြန်လွှတ်ပေးရိုးထုံးစံမရှိဘူး"
ဦးချပြတဲ့သတင်းစာတွေကို ခေါင်းကြိုးမတတ်ငုတ်ကြည့်ရင်း အတွေးတွေထဲမှာ ချာချာလည်နေရတဲ့ကျွန်တော်
သမီးလေးသာမရှိတော့ရင် ကျွန်တော်သေမှာ
သတင်းစာတွေကိုဆုပ်ကိုင်ပြီး ငိုကြွေးနေတဲ့Saint ကို မကြည့်ရက်နိုင်ပါ ဒီလိုကိစ္စတွေ ကသေသေချာချာ ဖြေရှင်းပိုင်တွယ်ရမှ ဖြစ်မဲ့ကိစ္စတွေ
"ကလေးရယ် ဦးအကုန်စီစဉ်မယ် နေရာအတိအကျလည်းသိရပြီဆိုတော့ လှည့်စားရမယ် သမီးလေးလက်ထဲရောက်တာနဲ့ သူတို့ကို ဖမ်းပြီးထောင်ထဲဆွဲထည့်ရမယ်"
"Saint တစ်ယောက်တည်းသွားမယ် မသတ်လောက်ပါဘူး Saint ကိုကားပေးလိုက်"
"Perth ငါတို့ လိုက်သွားမယ် အနီးအနားရောက်မှ လူစုခွဲပြီး သွားကြမယ် ရဲကားကိုလည်း အသံတိတ်ခေါ်သွားမယ်သူတို့က နှစ်ယောက်တည်းပဲဖြစ်ရမယ်"
"အဆင်ပြေတယ် Saint သူတို့ဆီအရင်သွားပြီး သမီးလေးကို ခေါ်လိုက်မယ် သမီးလေးဘေးကင်းမှ ရဲတွေလွှတ်လိုက်"
"ဦးမှကလေးကိုစိတ်မချတာ"
"သူတို့လိုချင်တာ ပိုက်ဆံလေ ဘာအန္တရာယ်မှမပြုနိုင်ဘူး Saint ကယောက်ျားလေးပဲလေအာ့ဆို သွားတော့မယ် သူကမနက်ဖြန်ညနေချိန်းထားတာ Saint တို့ ကြိုရောက်နေမှဖြစ်မယ်"
YOU ARE READING
ချွဲစိန် ရစ်လုံး{ Z&U}(Complete)
Fanfiction"ကလေး ဆိုလည်းချစ်မှာပဲ ကလေးရစ်လဲခံမှာပဲ ကလေး ဘယ်လိုနေနေချစ်မှာပဲ" "ဦးက ကလေး ရစ်တယ်ပြောချင်တာလား ကလေး ကဆိုးတယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့" 🖤PerthSaint♥