ZAWGYI
사랑은 아닐꺼라고 절대로 아닐꺼라고
매번 속여왔지만 내 맘은 자꾸 너를 부르고
한 걸음 도망쳐보고 한 걸음 밀어내봐도
그럴수록 넌 내 안에 커져가고 있어
그만큼 사랑하나 봐 그만큼 기다리나 봐
그토록 아프게 해도 내 맘은 널 떠날 수 없나 봐
사랑은 하나인가 봐 내 맘은 변치 않나 봐
널 향해 지켜온 사랑 이제는 다 말할 수 있다고မင်္ဂလာပါ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းဒိုင်ယာရီလေးရေ... ဒီနေ့လည်း ကျွန်တော့်ပြောသမျှ စကားတွေကို မငြီးမငြူးနဲ့ နားထောင်ပေးတတ်တဲ့ ခင်ဗျားဆီကို ရင်ဖွင့်ဖို့အတွက် ထပ် ရောက်လာပြန်ပါပြီ...ဒီနေ့တော့ လူတွေပြောနေကြတဲ့ အချစ် အကြောင်းကို ဆွေးနွေးကြည့်ရအောင်...L-O-V-E ဆိုတဲ့ English Alphabetလေးလုံးကို အတူတူပါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ Wordတစ်ခုက LOVE အချစ်တဲ့...အင်း အဲဒီအချစ်ဆိုတဲ့အရာကို လူတွေကတော့ အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြတယ်...တစ်ချို့ကတော့ ပြောကြတယ်...အချစ်က ပျားရည်လိုပဲ ချိုမြိန်တယ်တဲ့...အဲ တစ်ချို့ကျပြန်တော့လည်း အချစ်ဆိုတဲ့အရာက ခါးသက်ပြီး နာကျင်ရတယ်ဆိုပဲ...အင်း နောက်ထပ်ရှိပါသေးတယ်...Love is pure, sweet,
painful and dreadful - at all once ဆိုပဲ... ကျွန်တော့်အနေနဲ့ အချစ်ဆိုတာကို မခံစားတတ်သေးတော့ ဒီတိုင်း What is love?ဆိုတာကလွဲရင် ဘာအဓိပ္ပါယ် ဖွင့်ဆိုချက်ကိုမှ မထုတ်နိုင်တာအမှန်ပဲ...အခု ကျွန်တော့် အသက်က၂၀...ဒီအသက်အရွယ်အထိ ဘယ်သူတစ်ဦးနဲ့မှ ပတ်သတ်ခဲ့ဖူးတာမျိုးမရှိတဲ့အထိ ဘ၀ကြီးကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းလာခဲ့တယ်...ကျွန်တော့်နောက်ကို လိုက်ဖူးခဲ့တဲ့ မိန်းကလေးတွေကတော့ ပြောကြတယ်...ရှင်က တကယ်ကို အသည်းနှလုံးမရှိတဲ့သူတဲ့...အဟက် ဘယ်လိုလုပ်ပြီတော့ လူတစ်ယောက်က အသည်းနှလုံးမရှိဘဲ ရှင်သန်နိုင်မှာလဲ... ကမ္ဘာဦးအစက အာဒမ်နဲ့ဧဝတို့ကြားမှာတောင် အချစ်ရှိခဲ့ရင် သေချာပေါက်ကို ကျွန်တော့်မှာလည်း ချစ်တတ်တဲ့ နှလုံးသား တစ်စုံရှိမှာပါ...သူ့ရဲ့ပိုင်ရှင်အစစ်အမှန်ကို မတွေ့သေးလို့သာ ငြိမ်သက်စွာနဲ့အိပ်ပျော်နေတာ ဖြစ်ပါလိမ့်မယ်...JK
ဒီနေ့ အလုပ်ကိစ္စတစ်ခုကြောင့် နှစ်ပေါင်းများစွာခွဲခွာခဲ့ရတဲ့ အမိမြေကြီးကို ပြန်လည်ခြေချခဲ့ရတယ်...ထွက်သွားခဲ့တဲ့ အချိန်ကထက်စာရင် အများကြီးကို တိုးတက်ပြောင်းလဲလာ ခဲ့တာပဲ...ဒါပေမယ့် မပြောင်းလဲသေးတာ တစ်ခုကတော့ ဒီမြေမှာပေါ်မှာ ကျခဲ့တဲ့ ကျွန်တော့်ရဲ့မျက်ရည်တွေနဲ့ ရခဲ့တဲ့ နာကျင်မှုတွေပဲ...အဲဒါတွေက အချိန်တွေဘယ်လောက်ပဲ ကြာသွားပါစေ..သစ်လွင်မြဲသစ်လွင်နေမယ့်အရာတွေပေါ့...
ပြန်ရောက်ရောက်ချင်း စိတ်အပန်းဖြေဖို့အတွက် ကျွန်တော် ဟန်မြစ်ကမ်းဘက်ကို ထွက်လာခဲ့တဲ့အချိန်မှာ ပုံမှန်ထက် ပိုလှပတဲ့ သဘာဝတရားကြီးကို ကျွန်တော်တွေ့ခဲ့ရတယ်...
လူပြတ်နေတဲ့အချိန် လာလုယက်တဲ့ကောင်လေးတစ်သိုက်နဲ့ ရန်ဖြစ်နေတဲ့အချိန်မှာ အဲဒီအလှတရားကို ပထမဆုံးအကြိမ် ကျွန်တော် စတွေ့ခဲ့တာပေါ့...လှတယ်...မဟုတ်ဘူး... ချောတာ...ယောက်ျားလေးတစ်ယောက်ပါလို့ မထင်မှတ် ရလောက်အောင်ကို ချောရက်တဲ့ကောင်လေး...တကယ်ပဲ ကျွန်တော့်ရှေ့မှာ ရပ်နေတဲ့သူက လူအစစ်မှဟုတ်ရဲ့လား... နတ်ပြည်ကနေ မျက်စိလည်လမ်းမှားရောက်လာတဲ့ နတ်သား တစ်ပါးများလားထင်ရလောက်အောင်ကို ပြည့်စုံလွန်းတယ်...
နောက် ရန်ဖြစ်နေတဲ့ကျွန်တော့်ကို တရားလာချတော့မှ သူက
နတ်သားမဟုတ်ဘဲ အူတူတူစုံထောက်လေးတစ်ယောက်မှန်း သိရတော့တယ်...တကယ့်ကို တရားဟောစရာပေါက်စလေး ကျနေတာပဲ...ကျွန်တော့်ကို ဆူနေတဲ့သူရဲ့ပုံစံက ကလေး တစ်ယောက် စိတ်ဆိုးပြီးပြောနေတဲ့ပုံအတိုင်းပဲ...နှုတ်ခမ်း တထော်ထော်နဲ့...ဒါဟာ ကျွန်တော့်ဘ၀မှာ ပထမဆုံးအနေနဲ့ ယောက်ျားလေးတစ်ယောက်ကို ချစ်စရာသိပ်ကောင်းတယ်လို့ မြင်မိခြင်းပါ...အဲဒီအချိန် ကျွန်တော်ဆုတောင်းခဲ့မိတာက နောက်တစ်ကြိမ် ဒီလူသားလေးနဲ့ ပြန်ဆုံဆည်းခွင့်ရဖို့ပါပဲ...
ESTÁS LEYENDO
Fate (Or) Fake? (Completed)
Fanfic(Both Zawgyi & Unicode) Which started the beginning of this story; fate or fake? If it's because of fate, how will the goddess lead the story? If not? Written By W ❌Not In English❌