Chapter 7💛 (uni)

2.8K 220 0
                                    

"ဟမ်…တာ ဝန် ယူ ရ မယ်??"

"စတာပါကွာ အဲ့လောက်လဲအ‌ဖြစ်သဲ‌မနေပါနဲ့"

တကယ်တာဝန်ယူလို့ရရင်ယူပေးချင်တယ်။
ဝမ်ရိပေါ်ဆိုတဲ့လူသားလေးအတွက် အရာအားလုံးကို တာဝန်ယူပေးချင်တယ်။ဒီတိုင်း စတာမဟုပ်ဘဲ အတည်ပြောရင်ပေိာ်မိမှာကို။

ဒီရက်ပိုင်းတွေဝေနေတယ် ။ဘာမှန်းမသိတဲ့ခံစားချက်ကြီး တကယ်ဘာမှန်းကိုမသိတာ။
ဒါပေမယ့်အခုတော့နဲနဲနားလည်လာတယ်။

သဘောကျတယ်
ဘာမှမပါဘဲ ကိုယ့်ဘေးနားက မင်းဆိုတဲ့ဖြစ်တည်မှုလေးကိုကိုသဘောကျတာ။
ရယ်နေလို့ပဲဖြစ်ဖြစ်
ငိုနေလို့ပဲဖြစ်ဖြစ်
ပျော်ရွှင်နေလို့ပဲဖြစ်ဖြစ်
ဝမ်းနည်းနေလို့ပဲဖြစ်ဖြစ်
ဘာတြွေဖစ်ဖြစ် ငါ့ဘေးနားမှာရှိနေတဲ့ မင်း ဝမ်ရိပေါ်ဆ်ုတဲ့ဖြစ်တည်မှုလေးကို သဘောကျတယ်

တာဝန်ယူဆိုလည်း ကိုကမြတ်မြတ်နိုးနိုးနဲ့တာဝန်ယူမိမှာ။
ဒါပေမယ့်မင်းက သရော်နေတာလား။
ရင်ဘဲထဲမှတင်းကျပ်နေတဲ့ခံစားချက်ကြီးကအဆင်ပြေမနေဘူး။တကယ်မကြိုက်ဘူး။
ကိုယ့်အတွက် လေးနက်တဲ့ခံစားချက်ကို
ပေါ့ပျက်ပျက်နဲ့ပြောတာတွေ။

"လန့်တာပေါ့ လူတယောက်လုံးကိုတာဝန်ယူရမယ့်ဟာကို"ခြောက်ခြောက်ကပ်ကပ်တချက်ရယ်ပြီး ရင်ဘက်ထဲအရာနဲ့ ဆန့်ကျင်ဘက်ကိုပြောမိတယ်။

ရိပေါ်လည်း။အပြုံးလေးတချက်သာတုန့်ပြန်လိုက်တယ်။ အသက်တော့မပါလှဘူး။
ဝမ်နဲတဲ့အချိန်တွေမှ အကို့ ရင်ခွင်ထဲမှာခိုလှုံချင်မိတယ်။ အခါခါတောင်တနေမိတယ်။ အမြဲတမ်ဆွဲထားချင်မိတယ်။ အတ္တလား လောဘလား ဘာမှမသိတော့ဘူး။

အခုတလော အကိုနဲ့ရှိတိုင်းအရာအားလုံးကိုမေ့နေမိတယ် ။ကျနော်ကကျနော်လို့ခံစားရတယ် ။ အကိုနဲ့အမြဲရှိချင်မိတယ်။

အဲ့တာတွေက အကိုကြောင့်ဖြစ်လာတာမို့ အကိုတာဝန်ယူသင့်တာ။ဒါပေမယ့် အကိုအတွက်ဝန်ထုပ်ဝင်ပိုးမဖြစ်စေချင်ဘူး။ကျနော်
ကြောင့် လူတယောက်သေလောက်အောင်ပင်ပန်ပြီးပြီ။ တယောက်ဆိုတော်ရော့ပေါ့။ အကိုကိုပါမပင်ပန်စေချင်ဘူး။ အကိုကကျွန်တော်ကို ဂရုစိုက်တယ်။အဲ့တာတွေက ကျွန်တော်ကို လောဘတက်စေမိတယ်။ ရင်နာတယ်သိလား။ လန့်သွားတဲ့အကိုပုံစံက ။ကျွန်တော် စိတ်ကိုသာ အကိုသိရင်ရွံ့သွားမလာပဲ။ကျွန်တော်ကြောက်တယ်။ ဒီတိုင်းဆက်ဆံရေးလေးကကောင်းပါတယ်။ အဆင်တက်လို့ အလွဲလွဲ အချော်ချော်ဖြစ်ခဲ့ရင် နောက်ပြန်လှည့်ဖို့ ဆိုတာမဖြစ်နိုင်တော့ဘူးလေ။

Yellowish Love (Complete)Wo Geschichten leben. Entdecke jetzt