3

1.6K 246 5
                                    

ကံကြမ္မာကြီးကိုမင်းမကြောက်ပါနဲ့...
သူကငါတို့ဘဝကိုမခြယ်လှယ်နိုင်ပါဘူး...
ငါတို့ထိုအရာကိုလက်ဆောင်တစ်ခုလို့ပဲသတ်မှတ်
လိုက်ကြရအောင်....

♥♥♥♥♥♥♥♥♥

"Park Jimin ခင်များဗျာ...ခင်များအရမ်း
ရက်စက်တယ် ကျွန်တော်ကခင်များအတွက်
ဘာမှအရေးမပါတဲ့ကောင်ပါလား ကျွန်တော့်
မှာတော့ခင်များကိုချစ်လိုက်ရတာဗျာ..ခင်များ
အတွက်တော့ကျွန်တော်က ကျွန်တစ်ယောက်
ထက်မပိုခဲ့ဘူး အားးး...ဟင့်ဟင့်"

လမ်းမကြီးပေါ်တွင်ဒူးထောက်ချကJung Kook
ငိုနေမိသည်။ လမ်းသွားလမ်းလာများကလည်း
သူ့ကိုထူးဆန်းသလိုကြည့်သွားကြသည်။

"သားလေး...ဘာဖြစ်တာလဲကွယ် ထ..ထ"

သူ့ကိုအန်တီကြီးတစ်ယောက်လာဖေးမသည်။
ထိုအန်တီကြီးကိုကြည့်ပြီးသူ့အမေကိုသတိရ
လာသည်။ သူထိုအန်တီ့လက်ထဲကရုန်းထွက်ပြီး
သူထွက်လာခဲ့သည်။ ဘယ်သွားရမှန်းလည်းသူမသိ
အိမ်လည်းမပြန်ချင်...ရုတ်တရက်ကြီးခေါင်းက
မိုက်ခနဲဖြစ်သွားပြီးလူကယိုင်သွားရသည်။
အမြင်တွေလည်းဝေဝါးလာကာ နားတွေလည်း
အူလာသည်။

*ကလင် ကလင်*
"ဟေ့လူ...ဖယ်ဖယ် ဘရိတ်မမိပါဘူးဆို
ရှေ့ကလူ!..ဟာ.."

*ဒုန်း*

"ဟယ်..တိုက်ကုန်ပြီ"

"လုပ်ကြပါဉီး လူနာတင်ကားခေါ်"

သူ့နောက်ကိုတစ်ခုခုဝင်တိုက်တာသူသိသည်။
သိပ်မပြင်းပေမဲ့နဂိုခေါင်းမူးနေတာနဲ့
သူလဲကျသွားသည်။
သူအသံတွေကြားနေရသည် သူ့ကမ္ဘာကြီးအမှောင်
မကျခင်နောက်ဆုံးသိလိုက်ရတာက
ဒီအသံတွေထဲမှာခင်များအသံလေးတော့မပါခဲ့ဘူး။

•••••••••••••••••••••••••••••
"Jung Kook!!!!"

တစ်ကိုယ်လုံးလည်းချွေးတွေရွှဲနစ်နေပြီး
အိမ်မက်ဆိုးမှသူလွတ်မြောက်လာခဲ့သည်။
ကုတင်ဘေးကစားပွဲပေါ်မှရေကိုယူသောက်
လိုက်ကာသူစိတ်ငြိမ်အောင်ထားနေရသည်။

ကျေးကျွန်Where stories live. Discover now