Part(3)

2.4K 138 9
                                    

Unicode

"ဟဲလို ဖူးလေး သယ်ရင်းလေး နင်တို့JSရောက်နေပီလား"
"အင်းရောက်နေပီ ဘာလို့လဲ လက်ဆောင်ပို့ပေးဖို့လား😉"

"နင်ကလဲ လက်ဆောင်ပဲမျှော်နေတာပဲ ခုဖုန်းဆက်တာက Surpriseကြီးကြီးတိုက်ချင်လို့ နောက်လှည့်ကြည့်လိုက်😆"
"ဟင်......."
"ကဲ မြန်မြန်ကြည့်ဆိုဟာ🤨"

ဖူးနောက်လှည့်ကြည့်လိုက်တော့ ဟေမာန်လေးက ဆိုင်ထဲကို တစ်လှမ်းချင်းလျှောက်လာတာမြင်တော့ ဖူးတစ်ယောက်အရမ်း​ပျော်သွားတယ်

"ဟေမာန် နင်......နင်တကယ်လာတယ် ငါ မျက်စိများမှားနေတာလား ပျော်လိုက်တာဟာ လာမယ်လို့ မထင်ထားဘူးဟာ😢"
"နင်ကလဲ surpriseပါဆို ကြိုပြောလို့မှမရတာ ဟဲဟဲ အံ့သြသွားလား😁"

"အံ့သြပါ့ ဒါနဲ့ နင်အရမ်းပြောင်းလဲသွားတာပဲ အရမ်းချော အရမ်းလှလာတယ် မှတ်တောင်မမှတ်မိဘူး😁"
"ဒီလိုပဲဖစ်ရမှာပေါ့ ဟားဟား ကျန်တဲ့ဟာမတွေရော ဘယ်မတုန်း"

"အဲ့ဟာမတွေတော့မပြောချင်ပါဘူးဟယ် မွေးနေ့ရှင်ကို တစ်ယောက်တည်းထားခဲ့ပီး ခနဆိုပီး ထွက်သွားကြတာ ပြန်ကိုမလာသေးဘူး😒"

"သူတို့လာရင် ပြောစမ်းပါ အံ့သြသွားအောင်လုပ်မလို့ "
"အင်းအင်း ဟော ပြောရင်းဆိုရင်းလာနေပီ ဟိုမှာဟိုမှာ "
"ဒါဆို တခြားဘက် ခနသွားထိုင်လိုက်မယ် ကောင်မတွေ တွေ့ကြသေးတာပေါ့ 😉"

"ဆောရီးဖူး နဲနဲကြာသွားတယ် မြတ်နိုးလေ ဝယ်နေတာ မပီးတော့ဘူး😆"
"ရိုးနေပါပီး ကမတွေရဲ့😂"
"ဖူး ဒါဘယ်သူပေးသွားတာလဲ လက်ဆောင်က မိုက်တယ်ဟ"

"ဘယ်သူရှိရမှာလဲ ဒီက ဆောင်းဟေမာန်ပေးတာပေါ့ 😉"
အသံကြားရာလှည့်ကြည့်လိုက်တော့ အကုန်အံ့အားသင့်သွားတာပေါ့

"ဟေမာန် ......ဟေမာန်လေး လွမ်းလိုက်တာဟာ"
"အော်ပီးပြေးဖက်လာတယ့် ဝတ်ရည်အသံကြောင့် တဆိုင်လုံးဝိုင်းကြည့်ကြတယ်

"ဟဲ့ဟဲ့ ဝတ်ရည်မ လွှတ်ဦးဟ အသက်ရှူရခက်တယ်ဟ "
"ဟဲဟဲ ဆောတီး ဆောတီး ပြန်လာတာကို ဘာလို့ မပြောတာလဲ လာကြိုမှာပေါ့ဟ "

"ဟီး surpriseတိုက်ချင်လို့ ဘယ်သူ့မှ မပြောတာ😅"
"ဟေမာန် နင်တော်တော်ချောလာတယ် အရပ်လဲရှည်လာလိုက်တာဟယ် "
"မြတ်နိုးမက အကောင်းမြင်တတ်သားပဲ လာလာစားရအောင် ဗိုက်ဆာလှပီဟ"
"ဒီအငတ်မက တစ်မျိုး လုပ်လိုက်ရ😂"

မထင်မှတ်သောချစ်ခြင်းWhere stories live. Discover now