present

6.2K 524 82
                                    

Zawgyi

ဒါလေးကတော့ ဒါဒါလေးတစ်ယောက်အတွက် မွေးနေ့လက်ဆောင်ပါနော်! အပြင်မှာမတွေ့နိုင်တဲ့ လူတွေဆိုတော့ ကိုယ်ပေးနိုင်တဲ့လက်ဆောင်ဆိုလို့ fic လေးပဲရှိတယ်။ သူလေးက မှောင်တာနဲနဲကြိုက်တော့ အနည်းအကျဉ်းမှောင်ပေးထားတယ်

............ Happy Birthday ThaDar..........

❤💚


Make-up ပြင်တဲ့ အခန်းက ကျယ်ပေမဲ့ ကျဉ်းကျုံ့မွန်းကြပ်နေတာ ရှောင်ကျန့်ရဲ့စိတ်တွေ! !

မျက်မှောင်တို့ တွန့်ကျိုးနေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး ဘေးက မိတ်ကပ်ပြင်တဲ့ အစ်မကလဲ brush ကိုင်တဲ့ လက်တွေပါ တုန်နေတယ်

အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက်က ကြက်သီးထဖို့ကောင်းအောင် ဟိတ်ဟန်အပြည့်နဲ့ ကြောက်စရာကောင်းနေတယ်

ပါးနဲ့မားကလဲ ပခုံးကိုဖျစ်ညစ်လို့ သတိပေးပြန်ရော။

ကျစ်!  ! ဘယ်အရာမှ ကိုယ့်စိတ်တိုင်းကျ  ဖြစ်လို့မရတော့ဘူးလား

ငြိမ်မနေနိုင်တော့တဲ့အဆုံး ရှောင်ကျန့်ဟာ ရှေ့ကိုချပေးထားတဲ့ဆံပင်တွေကို လက်နဲ့အပေါ်ကိုဆွဲလှန်သိမ်း နက်ကတိုင်ကို အကြမ်းပတမ်းဆွဲဖြုတ်ရင်း

"ကျနော် ဒီမင်္ဂလာပွဲကို လုံးဝ လက်မခံနိုင်ဘူး ပါးရာ လုံးဝပဲ ! "

ပြောချင်တာကို အော်ဟစ်ခဲ့ပြီးနောက် အခန်းတံခါးဆီကိုလျှောက်လာလိုက်တယ် ။ အတတ်နိုင်ဆုံး ဒီနေရာကနေ အမြန်ဆုံးထွက်သွားချင်နေပြီ ။

"မေ့အော် ငါတို့နှစ်ယောက် အတွက် ပြင်ဆင်ထားတဲ့ အဆိပ်ပုလင်း ထုတ်လိုက်တော့ "

စင်စစ် ပါးဟာ ရှောင်ကျန့်ကို မသွားဖို့ တားမြစ်မနေခဲ့ပါဘူး။

ဒါပေမဲ့ အခန်းတံခါးဘုကိုကိုင်ထားတဲ့ ရှောင်ကျန့်လက်တွေရော အပြင်ကိုလှမ်းနေတဲ့ ခြေလှမ်းတွေရော ရပ်တန့်သွားခဲ့တယ်။

ဘယ်သားသမီးက!
ဘယ်သားသမီးကများ! ! ကိုယ့်မိဘတွေ ကိုယ့်ပယောဂကြောင့် အသက်စတေးခံရမှာကို မျက်နှာလွှဲနိုင်မှာလဲ။

အံဆွဲဖွင့်သံ!
ပုလင်းအဖုံးဖွင့်သံ!
ပုလင်းအဖုံး ကြမ်းပြင်ပေါ်ကျသွားတဲ့အသံ အဆုံး
ရှောင်ကျန့်ဆုံးဖြတ်ချက်တွေပြန်ပြင်ရပါတယ်။

Present ❤💚 ( One Shot)Where stories live. Discover now