အပိုင်း ၆ (ရေချိုးနေသော အလှလေး)
လန်လန်သည် အထဲမှ အပြင်သို့ချောင်းကြည့်လိုက်ရာ ရဲမက်နှစ်ယောက် တဝဲလည်လည်လုပ်နေသေးသဖြင့် ပြန်ထွက်ရန်အခွင့်မသာပေ။ ထို့နောက် သူမဝင်လာသည်မှာ မင်းသား၃၏ အဆောင်မှန်း သတိရသွားပြီး ဝင်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
မှောင်မဲတိတ်ဆိတ်နေသော အခန်းသည် စိတ်ခြောက်ခြားဖွယ်ကောင်းသော်လည်း လူရိုင်းကြီး မင်းသား၃၏ အခန်းဖြစ်နေသည်က ပို၍ခြောက်ခြားစရာကောင်းနေသည်။ ထိုသို့တိတ်ဆိတ်နေခြင်းက ကောင်းခြင်းလား ဆိုးခြင်းလား မဝေခွဲတတ်။
နန်းတော်တွင်းမှ လူအများ၏ပြောကြားချက်အရ မင်းသား၃သည် ထိုနှစ်လအတွင်း အလွန်ငြိမ်သက်နေသည်ဟုကြားရသည်။ လန်လန်သည်လည်း မင်းသမီးလေး၏နောက်လိုက်ဖြစ်သဖြင့် မင်းသား၃နှင့်တွေ့တိုင်း ဆိုးသွမ်းနေသော အမူအရာအျိုးမတွေ့ရဘဲ ညီမလေးအတွက် အစ်ကိုကြီးပီသစွာ သွန်သင်ဆုံးမသည်ကိုပဲတွေ့ရသည်။ လူအချို့ကတော့ ဤအရာသည် မုန်တိုင်းမလာခင် လေညင်းတိုက်ခတ်နေသည်ဟုသာ ပြောဆိုကြသည်။
ယခုလည်း သူမ မင်းသား၃၏အခန်းထဲသို့ရောက်နေသောကြောင့် သေချာစေရန် အိပ်ယာဆီသို့အရင်သွားကြည့်လိုက်သည်။ နူးညံ့သော ပိုးသားစောင် အဖြူကြီးက ခေါင်းအုံးအထိ လွှမ်းခြုံထားသဖြင့် မင်းသား၃ အိပ်နေသည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် နဂါးအသိအာရုံကိုဖြန့်ကျက်လိုက်သည်။ နဂါးပုလဲသည်ဤအခန်းထဲတွင်ရှိသည်မှာ သေချာသွားသည်။ ထို့ကြောင့် နဂါးပုလဲရှိရာသို့တစ်လှမ်းချင်းသွားလိုက်သည်။
နဂါးပုလဲသည် အမှောင်ထု ေအာက်တွင် ခပ်ရေးရေးလင်းလက်နေသည်။သူမနဂါးပုလဲကိုကြည့်နေရင်း သူမ၏အမြင်အာရုံသည် နဂါးပုလဲထက်ပို၍လင်းလက်နေသော အရာထံအကြည့်ပြောင်းသွားသည်။ ထိုနေရာတွင် ခေါင်မိုးမရှိဘဲ တမင်သက်သက် ဖောက်ထားသည့်ပုံစံဖြစ်သည်။ ကောင်းကင်မှဖြာကျနေသော လရောင်သည် အပေါက်တည့်တည့်ကိုဝင်ရောက်ကာ အခန်းတွင်းရှိ တစ်စုံတစ်ရာကို ရှင်းလင်းပြတ်သွားစွာမြင်နေရသည်။ ရေလှုပ်ခတ်သံ ထွက်ပေါ်လာပြီး မြင်ကွင်းကိုအသက်သွင်းလိုက်သည်။ လူတစ်ကိုယ်စာ ရေချိုးကန်ထဲမှ ဖြူဖွေးနေသောကျောပြင်တစ်ခုပေါ်တွင် အနက်ရောင်ဆံနွယ်တို့က ဖြာကျနေသည်။ ထိုဆံနွယ်ရှည်တို့သည် ရေထဲတွင်တစ်ဝက်ကျော်ကျော်ကျဆင်းနေပြီး လူလှုပ်ရှားရာအတိုင်း ယိမ်းနွဲ့နေသည်။
အတိအကျပြောရလျှင် ယောကျ်ားတစ်ယောက်ရေချိုးနေခြင်းပင်။
KAMU SEDANG MEMBACA
အရှေ့ပင်လယ် မှ အတိတ်ပုံရိပ်များ (unicode+zawgyi)(completed)
Fiksi Sejarahဒီficကိုဖတ်တော့မယ်ဆိုရင် Flamingoရဲ့ first fic ဖြစ်တဲ့ 'ဧကရီနှစ်ပါး၏ ဒဏ္ဏာရီ' ကို အရင်ဖတ်ဖို့အကြံပေးချင်ပါတယ်။ ဒီအပုဒ်က အဆက်ဖြစ်နေလို့ပါ။ 🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒 အငြိုးတွေကြောင့်နိုးထလာတဲ့ မိစ္ဆာဧကရီ တစ်ယောက် ရန်သူတစ်ယောက်ကိုအသက်ချမ်းသာပေးမိတ...