EP 2

17.4K 1.2K 23
                                    

Unicode

Just Love (2)

ဂုဏ်သရေရှိ လူကြီးလူကောင်းတွေတက်ရောက်ကြသည့်ပွဲမျိုးမှာ ယောက်ျားနှစ်ယောက်က ဇာတ်လိုက်ဖြစ်နေရတာ အောင့်သက်သက်ဖြစ်မိသည်။ ဘေးကချာတိတ်ကတော့ ယုန်လိုမျိုးသွားအကြီးတွေပေါ်အောင် ပြုံးဖြီးနေသေးသည်။

စိတ်မပါစွာနဲ့ပဲ အချိန်ကုန်သွားကာ မင်္ဂလာပွဲကြီးအောင်မြင်စွာပြီးပါသည်ပေါ့ ။ နှစ်ယောက်အတူနေဖို့ လက်ဖွဲ့ထားတဲ့ ကြီးကျယ်ခမ်းနားသည့်အိမ်ကြီးဆီကို မင်္ဂလာကားကြီးနဲ့ ပြန်လာခဲ့ကြသည်။

အခန်းထဲသို့ရောက်ရောက်ချင်း စိတ်အိုက်နေရသည့် နက်ခ်တိုင်ကို ဆွဲဖြုတ်ကာ ကုတ်အကျီကိုချွတ်ရင်း အိပ်ရာပေါ်လှဲချလိုက်သည်။ အနောက်ကနေကပ်ပါလာပြီး ကုပ်‌ကုပ်လေး အကျီချွတ်နေသည့် ချာတိတ်ကိုလှမ်းကြည့်ရင်း

" အကြောလိုက်နေတာလား "

" ဗျာ ! ဘာကို..."

"နွားပွဲစားသေလို့ဝင်စားတာလား အမြဲသွားဖြဲပြနေတာ"

စိတ်အလိုမကျမှုတွေကို တအိမ်ထဲမှာ ရှိနေတဲ့ ဒီကောင်လေးအပေါ်ပဲစုပြုံမိသည်။ စုပ်တစ်ချက်သက်ကာ တဘက်တစ်ထည်ဆွဲရင်း ရေချိုးခန်းထဲဝင်သွားသည်။ အပြင်မှာကျန်နေခဲ့တဲ့ကောင်လေးက မှန်ထဲကိုကြည့်မိမှ ပိုရီချင်မိသည်။ ဆူပုပ်ကာ နှုတ်ခမ်းတထော်ထော်နဲ့ ပြောသွားသောဟျောင်း ပုံစံကိုတွေးမိတာကြောင့်ပါ

***

" ဟျောင်း ဘယ်သွားမလို့လဲ "

သေချာဝတ်ဆင်ကာ ကားသော့ဆွဲပြီး ထွက်ဖို့ပြင်နေတာကြောင့် ထမင်းဝိုင်းပြင်ရင်းမေးလိုက်မိသည်။

" မင်းအပူမပါဘူး "

လေသံအေးအေးနဲ့ ခပ်ပြတ်ပြတ်ပြောကာထွက်သွားတာကြောင့် ဘာဆက်ပြောရမှန်းတောင်မသိ...... မင်္ဂလာဦးညစာစားဖို့ သေချာပြင်ဆင်ထားကာမှ စားမယ့်လူကမရှိတော့

3AM,

ပြန်မလာသေးတဲ့ လူကို ထိုင်စောင့်နေမိသည်။ ခြံထဲက ကားသံကြားမှ သက်ပြင်းအရှည်ကြီးကိုချကာ တံခါးဖွင့်ပေးလိုက်တော့ သူ့ကိုမြင်တာနဲ့ တွန့်ချိုးသွားသော မျက်ခုံးနှစ်ခု

Just Love (မင်းနဲ့အတူ )Where stories live. Discover now